Alma and the Wolf
ဇာတ်လမ်းစစချင်းမှာ ‘ရန်’ဆိုတဲ့ ရဲတစ်ယောက်က အယ်မာဆိုတဲ့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ လမ်းဘေးတစ်နေရာမှာ သွေးအလိမ်းလိမ်းနဲ့ ခွေးသေတစ်ကောင်ကို ချီပြီး ရပ်နေတာကို မြင်လိုက်ရပါတယ်။ စခန်းကိုခေါ်လာပြီး စစ်ဆေးကြည့်တော့ ခွေးလေးနဲ့ လမ်းလျှောက်ထွက်ရင်း ဝံပုလွေတစ်ကောင်နဲ့ ဆိတ်အုပ်က သူမကိုတိုက်ခိုက်လို့ သူမရဲ့ ခွေးလေးက သခင်ကိုကာကွယ်ရင်း သေသွားရပါတယ်တဲ့။ ရန်ကို အယ်မာက အဲဒီဝံပုလွေကိုသတ်ပေးပါဆိုပြီး အကူအညီတောင်းလာတယ်။ သူတို့ပြည်နယ်မှာက ဝံပုလွေမသတ်ဖို့ တားမြစ်ထားတဲ့ ဥပဒေရှိတယ်။ ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်နေတော့ .. အေး အေး သတ်ပေးပါမယ် .. ပေါ့။ နောက်တော့ ရန်ရဲ့ သားလေးက သူ့ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်ရင်း ခွေးရော လူရော ပျောက်သွားတော့တယ်။ ဒါ အယ်မာပြောတဲ့ ဝံပုလွေနဲ့ ဆိတ်အုပ်ရဲ့ လက်ချက်ပဲလို့ အခိုက်အမာတွက်ကာ သားဖြစ်သူကို လိုက်ရှာရင်း ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ပါဦး။ Psychological horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း