Kesari
၁၈၉၇ ခုနှစ်က အာဖဂန်လူမျိုး ၁၀,၀၀၀ ကိုတိုက်ခိုက်ခဲ့တဲ့ ဆစ်ခ်လူမျိုး ၂၁ ယောက်တို့ရဲ့ ဆာရာဂါဟီတိုက်ပွဲအကြောင်းအခြေခံရိုက်ကူးထားတဲ့ မယုံနိုင်စရာ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားပါ။ အီရှာဆင်းက ဗြိတိသျှအိန္ဒိယစစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ယောက်ပါ။ တစ်နေ့ သူတို့တပ်စုက ဗြိတိသျှနဲ့အာဖဂန်နစ္စတန်တို့ရဲ့နယ်စပ်နားက ဂူလီစတန်ခံတပ်ကိုသွားစောင့်ရတယ်။ အဲဒီမှာလူမျိုးစုတွေက မိန်းကလေးတစ်ယောက်ကိုသတ်ဖို့လုပ်နေတာ အီရှာဆင်းမြင်သွားပြီးကယ်ဖို့ကြိုးစားတယ်။ ဗြိတိသျှအရာရှိတားနေတဲ့ကြားထဲက အီရှာဆင်းက မိန်းကလေးကိုကယ်လိုက်တယ်။ နောက်နေ့မှာ ဝင်စွက်ဖက်ခံရတယ်ဆိုပြီး အဲဒီလူမျိုးစုတွေက ဆာရာဂါဟီ၊ ဂူလီစတန်နဲ့ လော့ခတ်ခံတပ်သုံးခုကိုတိုက်ဖို့လုပ်ကြတယ်။ အဲဒီအချိန် အထက်လူကြီးအမိန့်ကိုဖီဆန်လိုက်တဲ့ အီရှာဆင်းကို ဆာရာဂါဟီခံတပ်မှာတာဝန်ပေးလိုက်တယ်။ ဟိုဘက်လူမျိုးစုတွေတိုက်ခိုက်ဖို့လာတဲ့အချိန်မှာ သူတို့ဘက်ကအင်အား တစ်သောင်းနဲ့ အီရှာဆင်းတို့ဘက်က ၂၁ ယောက်ပဲရှိတဲ့အခါမှာ ဘယ်လိုတိုက်ပွဲဆက်ဖြစ်မလဲ ဒီကားထဲမှာစောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း