ဇာတ်ကားများ ရွေးရန်

Misery

1990ဇာတ်ကားBlu-ray 1080p

Misery ကတော့ 1990 တုန်းက ထွက်ရှိခဲ့တဲ့ စတီဗင်ကင်းရဲ့ နာမည်ကျော်ဝတ္တုတစ်ခုကို ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအစမှာ မစ်စရီဆိုတဲ့ အခန်းဆက်ဝတ္တုတွဲတွေနဲ့နာမည်ကြီးလာတဲ့ စာရေးဆရာပေါလ်ဟာ ဒီဝတ္တုတွေရေးရတာကို စိတ်ကုန်လာပြီး ဇာတ်လမ်းအသစ်ရေးဖို့အတွက် ဝတ္တုထဲက နာမည်ကြီးဇာတ်ကောင် မစ်စရီ ချက်စတိန် ကို သေခိုင်းဖို့ဆုံးဖြတ်ရာမှစပါတယ် ဒီလိုနဲ့ မစ်စရီရဲ့အဆုံးသတ် ဝတ္တုကို ရေးဖို့ ဆေးဗားခရိဆိုတဲ့ မြို့လေးကိုသွားပြီး စာရေးပြီးအပြန် လမ်းမှာနှင်းမုန်တိုင်းနဲ့ တိုးပြီး ကားမှောက်ပါတော့တယ်။ အဲ့အချိန် သူ့ကိုယ်သူ ပေါလ်ရဲ့ ပရိတ်သတ်အကြီးစားလို့ပြောတဲ့ သူနာပြုဟောင်း အန်နီတစ်ယောက်တွေ့ပြီး ပေါလ်ကိုကယ်သွားပြီး နလန်ထအောင်ပြုစု‌ ပေးပါတော့တယ် အစပိုင်းမှာ ချိုသာတယ်လို့ထင်ရပေမယ့် ပေါလ်က မစ်စရီကို သတ်မယ်ဆိုတာ သိပြီးတဲ့နောက်မှာ အန်နီက စိတ်ထဖောက်ပြီး သောင်းကျန်းပါတော့တယ် ပေါလ်ကိုလည်းပြန်မလွှတ်ဘဲ အတင်းအကြပ် သူလိုချင်တဲ့အတိုင်း ဝတ္တုကိုပြန်ရေးခိုင်းတော့တာပါပဲ ဒီအခြေနေကို ပေါ်လ်တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ လွတ်‌မြောက်နိုင်ပါ့မလား အန်နီကရော ဘယ်လိုလူမျိုးလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း