We Die Young
လူငယ်တွေရဲ့ဘဝကို တရားမဝင်ဂိုဏ်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုကြောင့် ဘယ်လောက်အဆိုးဆုံးအခြေအနေထိရောက်သွားနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းအနေနဲ့ ဖော်ပြပြသပေးတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ဗဟိုမှာ Lucas ဆိုတဲ့ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိပါတယ်။ သူက DC မြို့က ရှုပ်ထွေးတဲ့ လူသိများတဲ့ MS-13 ဆိုတဲ့ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ပြီး၊ သူ့ရဲ့ညီလေး Miguel ကို ဂိုဏ်းဘဝထဲ မဝင်စေချင်လို့ အမြဲကြိုးစားနေပါတယ်။ ဒါပေမယ့် အရာအားလုံးက အနိုင်ယူနေတဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ညီ Jester ကြောင့် ပိုပြီးခက်ခဲလာတယ်။ဒီအချိန်မှာပဲ Daniel ဆိုတဲ့ PTSD (စစ်ကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရသူ) ခံစားနေရတဲ့ စကားမပြောနိုင်တဲ့ စစ်သားတစ်ဦးက သူတို့ဘေးကနေ ပါလာပြီး သူတို့ကို ကယ်တင်ဖို့ ကြိုးစားတယ်။ Jean-Claude Van Damme က ဒီဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ သူအမြဲပြနေကျ အက်ရှင်ဇာတ်ရုပ်အစား၊ ဒီကားမှာတော့ ခပ်ငြိမ်ငြိမ်နဲ့ စိတ်ခံစားမှုကိုပြသတဲ့ တစ်ခြားပုံစံကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Mort ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း