ဇာတ်ကားများ ရွေးရန်

Insane

2016ဇာတ်ကားအမှတ် 6/10Web-dl 1080p

အထူးသတိပြုရန် - ကိုယ်တွင်းကလီစာ လှီးဖြတ်တဲ့ အခန်းများ ပါတဲ့အတွက် ကြောက်တတ်သူများ မကြည့်သင့်ပါ။ ဒီရုပ်ရှင်ကတော့ IMDb Rate 6.0 ရရှိထားပြီး လွတ်မြောက်ဖို့ အကြံမျိုး စုံထုတ်ရတဲ့ ဇာတ်ကားမျိုး ရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပီဒီ နာနမ်ဆူ(Lee Sang Yoon)ဟာ နာမည်ကြီးပီဒီဖြစ်ပေမဲ့ အလွဲအမှားတစ်ခုကြောင့် သူ့ရဲ့"၂၄ နာရီ စူးစမ်းကမ္ဘာ"ဆိုတဲ့ အစီအစဥ်ကနေ တစ်နှစ်လောက် နားလိုက်ရပါတယ်။ သူ့ရဲ့အစီအစဥ်မှာ အလုပ်ပြန်လုပ်ရဖို့အတွက် ဟိုးလေးတကျော်ကျော်ဖြစ်လောက်မဲ့ အမှုတစ်ခုနောက်မှာ ဖုံးကွယ်ထားတဲ့ အဖြစ်မှန်ကို ရှာဖို့က သူ့ရဲ့ပန်းတိုင်ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စိတ္တဇဆေးရုံ မီးလောင်မှုကို အစနှိုက်မိရာကနေ တစ်ဦးတည်းသော အသက်ရှင်ကျန်တဲ့ လူနာ ဂန်ဆူအာ(Kang Ye Won)ရဲ့အကြောင်းကို တဖြည်းဖြည်း စုံစမ်းမိလာတာပေါ့။ လူနာ ဂန်ဆူအာဟာ တကယ်တော့ စိတ်ရောဂါသည် မဟုတ်ဘဲနဲ့ သူ့ပထွေး ရဲစခန်းမှူးရဲ့စနက်ကြောင့် ကိုယ်တွင်းကလီစာတွေ မှောင်ခိုရောင်းနေတဲ့ စိတ္တဇဆေးရုံမှာ အတင်းအကျပ် အပိတ်ခံထားရသူပါ။ ဂန်ဆူအာတစ်ယောက် အမျိုးမျိုး လွတ်မြောက်ဖို့ ကြံစည်ရာကနေ စိတ္တဇဆေးရုံ မီးလောင်ချိန်ကျမှ လွတ်မြောက်လာပါတော့တယ်။ ဖြစ်ချင်တော့ သူ အိမ်ပြန်ခွင့်ရတဲ့နေ့မှာ ပထွေးဖြစ်သူ ရဲစခန်းမှူးဟာ နေအိမ်မှာတင် အသတ်ခံလိုက်ရတဲ့အတွက် ဂန်ဆူအာတစ်ယောက် အခင်းနေရာမှာပဲ အဖမ်းခံလိုက်ရတဲ့ လူသတ်သံသယရှိသူဖြစ်သွားပါလေရော။ အဖြစ်မှန်ကို စုံစမ်းနေသူ ပီဒီနာနမ်ဆူနဲ့ သိကျွမ်းလာတဲ့ ဂန်ဆူအာတစ်ယောက် တကယ်ပဲ ပထွေးကို သတ်လိုက်တာလား..၊ စိတ္တဇဆေးရုံမှာ တကယ်ရော ရှိနေခဲ့သလား..၊ ဆေးရုံမီးလောင်အောင် လုပ်တာရော ဘယ်သူလဲ..၊ ဆေးရုံမှာ ဘယ်လောက်အထိ အနှိပ်စက်ခံခဲ့ရသလဲ..၊ သူ့ကို ယုံကြည်ပေးပြီး ကူပေးတဲ့သူက ဘယ်သူများလဲ..ဆိုတာကို လှည့်ကွက်တစ်ပုံကြီးကနေတစ်ဆင့် ရင်သပ်ရှုမောစရာကောင်းအောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း