Enormous Legendary Fish
Enormous Legendary Fish (2020)ဆိုတဲ့ ဇာတ်ကားလေးကတော့ ပင်လယ်နတ်ဘုရားနဲ့ လူသားမိန်းကလေးကြားက အချစ်ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ fantasyရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ငါးမိစ္ဆာတွေဟာ လူ့လောကထဲရောက်ရှိလာပြီး ကပ်ဘေးဒုက္ခတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ် ။အဲဒီအချိန်မှာ ပင်လယ်နတ်ဘုရားဟိုင်ရော့က ငါးမိစ္ဆာတွေကိုရင်ဆိုင်တိုက်ခိုက်ပြီး တောင်တန်းကြီးအဖြစ်ပြောင်းကာ အန္တရာယ်ကိုကာကွယ်ခဲ့တယ်။လူသားတွေဟာ ဒီကျေးဇူးကိုဆပ်ဖို့ နှစ်တစ်ရာပြည့်တိုင်း ဟိုင်ရော့နဲ့ လက်ထပ်ပေးဖို့ လူသားမိန်းကလေးတစ်ယောက်ကို ရွေးချယ်ကာ ပင်လယ်ထဲသို့ ပို့ဆောင်ပေးခဲ့ကြတယ်။ဒီလိုကနေ ပင်လယ်နတ်ဘုရားရဲ့ သတို့သမီးဆိုတဲ့ ဒဏ္ဍာရီဟာ လူသားမျိုးနွယ်တွေ အစဉ်အဆက်တည်ရှိလာနေခဲ့ပါတော့တယ်။ ချီယွီကျေးရွာမှာနေတဲ့ အားလီဟာ ငါးဖမ်းသမလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့ သူဟာ ပင်လယ်နတ်ဘုရားဖြစ်သူ ရန်ရဲ့ရွေးချယ်တာခံလိုက်ရတဲ့ သတို့သမီးလောင်းတစ်ဦး ဖြစ်လာပါတော့တယ်။ အားလီဟာ အစပိုင်းက အပြင်းအထန်ငြင်းဆန်ထွက်ပြေးခဲ့ပေမယ့် ကံကြမ္မာကို မလွန်ဆန်နိူင်တာကြောင့် မင်္ဂလာလှေပေါ်ကို လိုက်ပါသွားရပါတော့တယ်။ဒီလိုနဲ့ သူဟာ ပင်လယ်နတ်ဘုရားထံရောက်ရှိသွားပြီး ကျွန်းပေါ်မှာ အထီးကျန်စွာနေထိုင်နေရာမှ လူပုံသဏ္ဌာန်ပြောင်းလဲနိုင်တဲ့ ဟိုင်သာ့ယွီ ဆိုတဲ့ ငါးလေးတစ်ကောင်ကို ကယ်တင်မိပြီး သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာ ပေါ်ထွန်းလာပါတယ်။ ဒီလိုနဲ့ အားလီတစ်ယောက် ပင်လယ်နတ်ဘုရားရဲ့လက်ကလွတ်မြောက်အောင် ဘယ်လိုထွက်ပြေးမလဲ ဟိုင်သာ့ယွီကရော အစစ်အမှန် ဘယ်သူဖြစ်မလဲ ပင်လယ်နတ်ဘုရားရန်ကရော ကောင်းမွန်တဲ့သူလား မိစ္ဆာလားဆိုတာ ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါကြည့်ပေးပါဦးနော် အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း