ဇာတ်ကားများ ရွေးရန်

Tornado

2025ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ နာမည်ကိုကြည့်ပြီး လေဆင်မုန်တိုင်းလို သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ထားတဲ့ကားလေးလို့ထင်မိရင်တော့မှားသွားပါပြီ တကယ်က တော်နေးဒိုး (Tornado) လို့ခေါ်တဲ့ ဇာတ်ဆောင် မင်းသမီးလေးရဲ့ နာမည်ကြောင့်ပါ။ ဇာတ်လမ်းကတော့ တော်နေးဒိုးနဲ့ သူမရဲ့ အဖေ ဖူဂျင်ဟာ ဆာမူရိုင်းတွေဖြစ်ကြပေမယ့်အင်္ဂလန် တစ်ဝိုက်မှာ နယ်လှည့်ပြီးရုပ်သေးပြစားရင်း ဇာတ်မြှုပ်နေကြတာပါ။ တစ်နေ့မှာ သူတို့ရဲ့ ရုပ်သေးပြပွဲကို ရွှေတွေကိုဓာပြတိုက်ပြီးပြန်လာတဲ့ ဓားပြတွေ ဝင်ကြည့်ကြရာက အမှတ်တမဲ့ချထားမိတဲ့ရွှေထုပ်ကို ကလေးတစ်ယောက်က ခိုးယူလိုက်မိပါတယ်။ အဲ့တာကိုမြင်တဲ့တော်နေးဒိုးက ကလေးလေးကို လူဆိုးတွေမတွေ့အောင်ဖွက်ထားပေးလိုက်မိရာကနေ ရက်စက်လှတဲ့ဓားပြအဖွဲ့ရဲ့ လိုက်လံဖမ်းစီးသတ်ဖြတ်ခြင်းကိုခံရပါတယ် တော်နေးဒိုးလေးတစ်ယောက် ဒီအခြေအနေကိုဘယ်လိုဖြတ်ကျော်မလဲ။ ဆာမူရိုင်းတစ်ယောက်ရဲ့ သွေးက ပြန်လည်ထကြွလာမလားဆိုတာ ဂျပန်ခေတ်ဆာမူရိုင်းတွေရဲ့အငွေ့အသက်နဲ့ ‌ရှေးခေတ် အင်္ဂလန်နိုင်ငံ ပုံရိပ်တွေနဲ့အတူ ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း