ဇာတ်ကားများ ရွေးရန်

Antique

2008ဇာတ်ကားWeb-dl 1080p

ဂျင်ဟျော့က မိဘတွေကိုသိတတ်တဲ့သားတစ်ယောက်ဖြစ်ပြီး သူ့ဘာသာ ကိတ်မုန့်ဆိုင်ဖွင့်ဖို့လုပ်ခဲ့ပါတယ်။ ဆိုင်အတွက် မုန့်ဖုတ်ဆရာကိုရှာတော့ ကျောင်းတုန်းက သူ့ကိုကြိုက်နေတဲ့ မင်ဆွန်းဝူဆိုတဲ့တစ်ယောက်က သူ့ဆီအလုပ်လာလျှောက်ခဲ့ပါတယ်။ ဆွန်းဝူအပြင် နောက်ထပ် အကူ၂ယောက်ပါရောက်လာခဲ့ပါတယ်။ ဂျင်ဟျော့မှာ ငယ်ငယ်ကတည်းကရခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုရှိနေပြီး ညညဆို အိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ်။ မင်ဆွန်းဝူကို အလုပ်ခန့်လိုက်ပြီး ကိတ်မုန့်ဆိုင်စဖွင့်ခဲ့ပေမဲ့ တကယ်တမ်းကျ ဂျင်ဟျော့က ကိတ်မုန့်စားရင် ပြန်အန်နေကျလူတစ်ယောက်ပါ။ ကိတ်မုန့်စားမရတဲ့ ဂျင်ဟျော့တစ်ယောက် ကိတ်မုန့်ဆိုင်ဖွင့်ရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ? သူ့ဆိုင်မှာအလုပ်လာလုပ်တဲ့လူတွေမှာလည်း ဘယ်လိုလျှို့ဝှက်တဲ့နောက်ကြောင်းတွေ ရှိနေမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း