ဇာတ်ကားများ ရွေးရန်

It's Okay!

2023ဇာတ်ကားWeb-dl 1080p

Lee Re (Castaway Diva), Lee Jung Ha (Moving, High School Heroes), Chung Su Bin (Friendly Rivalry) စတဲ့ နာမည်ကြီး လူငယ်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းလေးကတော့ IMDb Rate 7.1အထိ ရရှိထားပြီး လူငယ်သဘာဝ ကြုံရဆုံရတဲ့ ကြည်နူးစရာတွေ၊ ပင်ပန်းစရာတွေကို သေချာ ပုံဖော်ရိုက်ကူးပြထားပါတယ်။ မထင်မှတ်တဲ့အချိန်မှာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အိုအင်ယောင်း(Lee Re)ဟာ သူ့အမေကို နောက်ဆုံးရက်အထိ ဆူပူဆောင့်အောင့်မိခဲ့လို့ နောင်တရနေတာကို အပြုံးလေးနဲ့ ဖုံးကွယ်အားတင်းထားရင်း ရပ်ကွက်ထဲက ဆေးဆိုင်ပိုင်ရှင် ဦးလေး (Son Suk Ku)ဆီမှာ သွားရင်ဖွင့်နေရသူပဲ ဖြစ်ပါတယ်။ ဆရာမ ဆောအာ(Jin Seo Yun)ကတော့ အိုအင်ယောင်းတို့ တက်နေတဲ့ အနုပညာကျောင်းက အကကြီးကြပ်သူဆရာမဖြစ်ပြီး ငယ်ငယ်ကတည်းက တင်းကျပ်မှုတွေနဲ့အတူ ကြီးပြင်းလာရလို့ ကြီးလာတော့လဲ "စုန်းမ"လို့ အခေါ်ခံရတဲ့အထိ မျက်နှာကြောတင်းသူပါ။ အုပ်ထိန်းသူမဲ့နေတဲ့ အိုအင်ယောင်းကို ဆရာမဆောအာတစ်ယောက် ရက်ပိုင်းလောက် ဂရုစိုက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့ "ပျော်ပျော်နေတဲ့သူဆီကနေ အပျော်တွေ ကူးစက်တတ်တယ်"ဆိုတဲ့အတိုင်း စုန်းမ ဆရာမတစ်ယောက် တဖြည်းဖြည်းနဲ့ ပျော့ပျောင်းလာတာပေါ့။ သူတို့နှစ်ယောက် တစ်အိမ်တည်းမှာ အတူနေရင်းနဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ ဆရာမတစ်ယောက်အနေနဲ့ ကျောင်းသူတွေကို ဘယ်လိုသွန်သင်သွားမလဲ၊ အိုအင်ယောင်းကရော သူ့စိတ်ဒဏ်ရာကို ကုစားနိုင်မှာလားဆိုတာကို ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုသွားရမဲ့အပြင် ကိုရီးယားရိုးရာ အကအလှတွေကိုလဲ စီးမြောခံစားနိုင်မှာမို့လို့ ဒီဇာတ်လမ်းလေးကို တစ်ခါလောက် ကြည့်ကြည့်လိုက်ပါနော်။ အညွှန်းနဲ့ ဘာသာပြန် တင်ဆက်သူ - ခန့်ကြော့ဇင် ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း