ဇာတ်ကားများ ရွေးရန်

Red Corner

1997ဇာတ်ကားBlu-ray 1080p

မင်းသား Richard Gere ရဲ့ Thriller/ Action ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျက်ခ်မောရ် တစ်ယောက် တရုတ်နိုင်ငံကို အလုပ်ခရီးလာရင်း တရုတ်မလေးတစ်ဦးကို စိတ်ဝင်စားသဘောကျကာ တစ်ညတာကို အတူတူဖြတ်သန်းလိုက်မိပါတယ်။ နောက်တစ်နေ့ မနက် သူ့ဟိုတယ်အိပ်ခန်းထဲကို ရဲတွေဝင်ချလာပြီး သူ့ကိုဖမ်းဆီးမှ တရုတ်မလေး သေဆုံးနေတာကို သိလိုက်ရတဲ့အဖြစ်။ အမေရိကန်နိုင်ငံသားပါ ... သံရုံးကို ဆက်သွယ်ချင်ပါတယ် ... ပြောလည်း အပြစ်ကိုဝန်ခံရင် သက်ညှာပေးမယ် ပြောပြီး ပါးတွေချည်း ဆင့်ရိုက်ခံရတဲ့အထဲ သ-တ်ခံရတဲ့ ကောင်မလေးအဖေက အကောင်ကြီးကြီးအမြီးရှည်ရှည်ဖြစ်နေပြန်ရော။ နိုင်ငံခြားသားရှေ့နေလိုက်ခွင့်မရှိတဲ့ အချိန်ကာလမှာ စုံစမ်းစစ်ဆေးရေးဘက်က ကာကွယ်ရေးရှေ့နေအဖြစ် ငှားပေးတဲ့ ရှန်ယုလင်ဆိုတဲ့ ကောင်မလေးကိုပဲ အားကိုးရတော့မယ်ပေါ့။ ဟိုကလည်း ပထမဆုံးရုံးချိန်းမှာတင် သူ့ကိုမပြောမဆိုနဲ့ အပြစ်ရှိပါတယ်လို့ ကျွန်မအမှုသည်က ဝန်ခံထားပါတယ်ဆိုပြီး ထပြောတော့...။ သူတို့နှစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ ဂျက်ခ်လွတ်မြောက်ဖို့ ယုလင်က အမှန်တရားကိုရှာဖွေပေးပါ့မလား။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း