Brick
Drama, Sci-fi, Mystery ရသစုံခံစားရမယ့် စိတ်လှုပ်ရှားဖွယ် ဂျာမန်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ တင်မ်နဲ့အိုလီဗီယာတို့က ချစ်သူတွေဖြစ်ပေမယ့် အိုလီဗီယာ ကလေးပျက်ကျပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားပါတယ်။ တင်မ်ကလည်း IT သမားဖြစ်ပြီး သူ့အလုပ်နဲ့သူ အချိန်ပြည့် အလုပ်ရှုပ်နေတော့ သူတို့စိတ်ဒဏ်ရာကုစားဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး။ အမြဲ ရွှေ့ဆိုင်းခဲ့ပြီးတဲ့နောက်မှာ အိုလီဗီယာက စိတ်ကုန်ပြီး တင်မ်ကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါမဲ့ အဲဒီညမှာပဲ သူတို့တိုက်ခန်းအဆောက်အဦးတစ်ခုလုံးကို ထူးဆန်းတဲ့ ဒီဇိုင်းနဲ့အုတ်နံရံတစ်ခု ပိတ်ထားလျက်သားဖြစ်နေပါတယ်။ ဒီနံရံကို ဘယ်လိုမှ ဖျက်ဆီးဖြိုချလို့ မရတဲ့နောက် တခြားအခန်းက အိမ်နီးချင်းတွေနဲ့ပေါင်းပြီး အပြင်ထွက်ရဖို့ အဖြေရှာတာကို စိတ်ဝင်စားဖွယ်အားပေးရှုစားနိုင်ပါပြီ။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Shune Lai KK က တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း