ဇာတ်ကားများ ရွေးရန်

Kamen Rider: The First

2005ဇာတ်ကားWeb-dl 1080p

ဒီကားက Showa era အစ Kamen rider Ichigo ဇာတ်လမ်းကို reboot ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Reboot ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်ကွက်နဲ့ တိုက်ခိုက်ခန်းတွေက ပြောစရာမလိုအောင် ပြည့်စုံနေမှာပါ။ ဇာတ်လမ်းက Deep and Dark ဖြစ်ပြီး တော်တော်လည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအစမှာ ဟွန်ဂိုတာကဲရှီဆိုတဲ့ကောင်လေးကို ရှော့ကာဆိုတဲ့ နတ်ဆိုးအဖွဲ့အစည်းကြီးက ပြုပြင်ခံလူသားအဖြစ်ပြောင်းဖို့ ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲ့နောက်တော့ brainwash လုပ်ပြီး မကောင်းတဲ့အရာတွေခိုင်းစေခဲ့ပါတော့တယ်။ ဒါပေမယ့် အမှတ်မထင် အသိစိတ်ပြန်၀င်ပြီး ရှော့ကာကို Kamen rider အီချီဂိုအဖြစ် ပြန်ဆော်တဲ့အခါ ရှော့ကာဘက်က သူနဲ့ရင်ဆိုင်ဖို့ မပြည့်စုံတဲ့ပြောင်းလဲခံလူသား Kamen Rider နီဂိုတဖြစ်လည်း အီချီမွန်ဂျီ ဟာယာတိုကို ထုတ်‌ခဲ့ပါတော့တယ်။ အဲ့နောက်တော့ ဘာတွေဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုကောင်းတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ ဘယ်လောက်ကြမ်းတဲ့ ရိုက်ဒါကန်ချက်တွေနဲ့ကြမ်းပြသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်လား... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း