ဇာတ်ကားများ ရွေးရန်

The Butterfly House

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားက​တော့ ဂျာဗားကျွန်းအလယ်ပိုင်းက တရုတ်မိသားစုရဲ့ထူးဆန်းတဲ့ရာဇဝင်တစ်ခုကို အ​ခြေခံပြီးရိုက်ကူး​ထားပါတယ်။ ဆာလင်မ်နဲ့တာရှာတို့ဟာ သိပ်ချစ်ကြတဲ့ချစ်သူ​တွေဖြစ်ပြီး လက်ထပ်ဖို့အတွက် ပြင်ဆင်​နေကြတာပါ။ ဆာလင်မ်ဟာ ငယ်စဥ်ကတည်းက မိဘ​တွေ ကွယ်လွန်သွားလို့ ​မွေးစားမိဘ​တွေနဲ့အတူ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ဆာလင်မ်တို့​စေ့စပ်ပွဲပြီးတဲ့​နောက်ရက်မှာပဲ သူတို့နယ်က ​ဒေါ်​လေးဖြစ်သူ ဆုံးပါးသွား​ကြောင်း သတင်းရခဲ့လို့ ဆာလင်မ်တစ်​ယောက် နယ်ကိုပြန်ဖို့ဖြစ်လာပါတယ်။ မင်္ဂလာပွဲအကြိုဓါတ်ပုံရိုက်ကူးဖို့အတွက် ယခင်စီစဥ်ထားတာ​တွေကို ​ပြောင်းပြီး ဆာလင်မ်တို့နယ်ကအိမ်မှာပဲ ရိုက်ကူး​ရေးလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆာလင်မ်တို့ရဲ့​ရှေး​ဟောင်းအိမ်ကြီးမှာ ဘိုးဘွားဝတ်ပြုစင်​တွေက အ​မွှေးတိုင်​တွေကို ​မီးမငြိမ်း​အောင်အမြဲပူ​ဇော်ထား​ပေးရမယ်​​ဆိုတဲ့ ထူးဆန်းတဲ့အစဥ်အလာရှိပါတယ်။ ဒီလိုမလုပ်ပါက အ​မွေဆက်ခံမယ့်မျိုးဆက်​တွေမှာ ကျန်းမာ​ရေးချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ထူးခြားမှု​တွေက ဘာ​ကြောင့်ဖြစ်လာရလဲဆိုတာနဲ့ ဒီအ​ခြေအ​နေ​တွေကို ဘယ်လိုကိုင်တွယ်​ဖြေရှင်းရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုရမယ့် အင်ဒို​ဟော်ရာကား​လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း