ဇာတ်ကားများ ရွေးရန်

Ziam

2025ဇာတ်ကားအမှတ် 5/10Web-dl 1080p

ထိုင်းမင်းသားချောလေး Mark Prin ရဲ့ ဇွန်ဘီကားလေးလာပါပြီ လူသားတွေ‌ ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး အလွန်အကျွံပျက်စီးပြီး ကပ်ဘေးတွေဆိုက်ကာ အစာရေဆာပြတ်လပ်ပြီး လူသားမျိုးနွယ်ရဲ့ အဆိုးဝါးဆုံး ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ကားလေးပါ။ ဖြစ်ပုံက မွေထိုင်း လက်ဝှေ့ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဆင်း တစ်ယောက်ဟာ ရွှေထက်အဖိုးတန်တဲ့ စားစရာတွေကို အန္တရာယ်ကြားထဲက‌ နေထရပ်ကား မောင်းရင်း ပို့တဲ့အလုပ်ကိုလုပ်ရင်း ပိုက်ဆံရှာနေသူပါ။ ဒီလို အိမ်မှာ နေရတာနည်းပြီး ထိခိုက်မှုများတဲ့ အလုပ်ကိုလုပ်နေတာကို ဆင်းရဲ့ ကောင်မလေး ဒေါက်တာယင်က လုံးဝမကြိုက်ပါဘူး။ တစ်နေ့မှာ ဒေါက်တာယင် ဆေးရုံမှာ တာဝန်ကျနေစဉ် လူနာတစ်ဦးကနေ ဗိုင်းရပ်စ်ကူးစက်ပြီး ဆေးရုံတစ်ခုလုံး အရေးပေါ်အခြေအနေကျရောက်ပါတော့တယ် ဒါကိုသိသွားတဲ့ ဆင်းက ယင်ကို ကယ်ဖို့ ဆေးရုံထဲကို လိုက်ကာ ဘယ်လိုကယ်မလဲ အကုန်လုံး အသက်ရှင်ရက်ပြန်ထွက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် Netflix ကပထမဆုံးပွဲထုတ်တဲ့ ထိုင်းဇွန်ဘီကားလည်းဖြစ်လို့ ဇွန်ဘီးကားကြိုက်သူတွေလက်မလွှတ်သင့်တဲ့ ကားတစ်ကားဟုတ်မဟုတ်ဆိုတာ ကြည့်ရှူရင်းနဲ့သာ ဆုံးဖြတ်ကြပါခင်ဗျာ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း