Missing
အထူးသတိပြုရန် - မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှု၊ အော်ဂလီဆန်စရာ အကြမ်းဖက်မှု၊ လူသတ်မှုများ ပါဝင်ပါသည်။ အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ IMDb rate 6.0 ရရှိထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီကားရဲ့ထူးခြားချက်ကတော့ တကယ့်ဖြစ်ရပ်မှန်ဖြစ်တဲ့ ၂၀၀၇တုန်းက အသက် ၇၀ အရွယ် တံငါသည်တစ်ယောက် အမျိုးသမီး လေးယောက်ကို သတ်မှုအပေါ် အခြေခံထားတာပါပဲ။ ဟျွန်းဂျောင် (Choo Ja Hyun)နဲ့ ဟျွန်းအာ (Jeon Se Hyun) ဟာ သိပ်ချစ်ကြတဲ့ ညီအစ်မတွေပါ။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဆိုးလ်မြို့စွန်မှာ ရှိတဲ့ စားသောက်ဆိုင်ကို သွားရာကနေ ပျောက်သွားခဲ့ပါတော့တယ်။ မပျောက်ခင်လေးတင် သူ့အစ်မဆီ ဖုန်းဆက်ခဲ့တာမို့လို့ အစ်မဖြစ်သူက နေရာအတိအကျ သိသွားပါတယ်။ အဲဒီလိုနဲ့ လူပျောက်တိုင်တော့ ကိုရွှေရဲတို့ဟာ သက်သေမခိုင်တဲ့အပြင် အသက်ပြည့်ပြီးသားသူမို့လို့ဆိုပြီး ချက်ချင်း ရှာမပေးကြပါဘူး။ အဲဒါကြောင့် ဟျွန်းဂျောင်တစ်ယောက် သူကိုယ်တိုင် ညီမရှာပုံတော်ဖွင့်ရင်း သံသယဖြစ်စရာတွေ တွေ့လာခဲ့ရပါတယ်။ ဖြစ်ချင်တော့ သူ သံသယဝင်နေတဲ့ ဖန်ဂွန်(Moon Sung Geun)ဆိုတဲ့လူကြီးက အဲဒီနယ်မှာတော့ မိခင်အိုကို လုပ်ကျွေးနေတဲ့ သားလိမ္မာဖြစ်တဲ့အပြင် ကြင်နာတယ်ဆိုပြီး သရုပ်သကန်ယူထားပါတယ်။ ဟျွန်းဂျောင်တစ်ယောက် သူ့ညီမကို ဖန်ဂွန် ပြန်ပေးဆွဲသွားမှန်း သေချာသိလိုက်ရချိန်မှာတော့ သူ့ညီမကို ကယ်နိုင်ပါ့မလား၊ ဒါမှမဟုတ် လူရိုးလူအမျက်နှာဖုံးပိုင်ရှင် ဖန်ဂွန်ကပဲ အနိုင်ရသွားမှာလားဆိုတာကိုတော့ အဆုံးအထိ ရင်တမမနဲ့ စိတ်ခိုင်ခိုင်ထားပြီး ကြည့်လိုက်ကြပါအုံးရှင်။ ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်
ဇာတ်လမ်းအကြောင်း