Cold War 2
ဒီတစ်ခေါက် တင်ဆင်ပေးချင်တာကတော့ Cold War II (寒战 II)ဆိုတဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့အတွင်းရှိ အာဏာနှင့် ရှုပ်ထွေးမှုများ သတင်းအချက်အလက်ပေါက်ကြားခြင်းကိစ္စများနှင့် ပြိုင်ဆိုင်မှုတွေကို ရိုက်ကူးပြသထားတဲ့ မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ Cold War စစ်ဆင်ရေးမှာ ကျဆုံးသွားတဲ့ ရဲမှုးဟောင်းအဲလ်ဘတ်ကွမ်းရဲ့ ဈာပနကို ကျင်းပနေခဲ့ပြီး ထိုအချိန်မှာ ဈာပနအခမ်းအနားတက်ရောက်နေတဲ့ ကော်မရှင်နာလော့ဆီ သူ့ဇနီးအားပြန်ပေးဆွဲသွားပြီး အကျဉ်းသား ဂျိုလီနဲ့ လဲလှယ်မည့်အကြောင်းပြောကြားသည့် ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်။ဇနီးဖြစ်သူကို ကယ်တင်ချင်တဲ့ ကော်မရှင်နာလော့ဟာ ရဲဌာနချုပ်ကိုသတင်းမပို့ဘဲ အကျဉ်းသားကို ထောင်ကလွှတ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ဒီလိုနဲ့ ဟောင်ကောင်မီဒီယာတွေနဲ့ နိူင်ငံရေးသမားတွေက ထိုဆုံးဖြတ်ချက်အပေါ် မေးမြန်းမှုတွေရှိလာတဲ့အချိန်မှာ ကော်မရှင်နာလော့ဟာ တရားခံနဲ့ပတ်သက်တဲ့ကိစ္စတွေကို စုံစမ်းခဲ့ပါတော့တယ်။ ထိုအချိန်မှာ ထောင်ကလွတ်လာတဲ့ ဂျိုလီကလည်း ဖခင်ဖြစ်သူ M.Bလီ၊ အထူးရဲကော်မရှင်နာဟောင်း ချိုက်ယွမ်ချီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကော်မရှင်နာလော့ကို ရာထူးမှဖြုတ်ချရန် ကြံစည်ပါတော့တယ်။ဒီလိုနဲ့ ကော်မရှင်နာလော့ရဲ့ Cold war စစ်ဆင်ရေးမှာ လစ်ဟာမှုတွေကို ပြည်သူလူထုအား ဖြေရှင်းချက်ပေးနိူင်ရန် လွှတ်တော်တရားသူကြီးက ဦးဆောင်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ထိုရှုပ်ထွေးမှုတွေကြောင့် ကော်မရှင်နာလော့ဟာ ကိစ္စအားလုံးကိုဖော်ထုတ်ပြီး ရာထူမှ နှုတ်ထွက်ရန် ဖိအားပေးခံခဲ့ရပါတော့တယ်။သို့သော် ကော်မရှင်နာလော့ဟာ ဒီကိစ္စအားလုံးရဲ့နောက်ကွယ်မှာ ဟောင်ကောင်ရဲဌာနရဲ့ အကြီးအကဲတွေပါ ပါဝင်ပတ်သက်နေတာကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ ကိစ္စတွေကဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှု့ခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း