Random Hearts
ဒီကားလေးကတော့ “အင်ဒီယာနာဂျုံးစ်”အဖြစ်နာမည်ကြီးတဲ့မင်းသားကြီး Harrison Ford ပါဝင်သရုပ်ဆောင်ထားတဲ့ dramaကားလေးပဲဖြစ်ပါတယ်။ အချစ်၊ သစ္စာဖောက်မှု၊ အမှတ်မထင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေအပေါ် လူတွေရဲ့ တုံ့ပြန်ပုံတွေကို ပုံဖော်ထားပြီး တခြားအချစ်ကားတွေနဲ့မတူဘဲ ပိုနက်နဲတဲ့ စိတ်ခံစားမှုတွေကို ခံစားရစေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတင် လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် လူအများအပြား သေဆုံးခဲ့ရပြီး အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ဒက်ချ်နဲ့ ကေ တို့ရဲ့အိမ်ထောင်ဖက်တွေလည်း အပါအဝင်သေဆုံးခဲ့ရပါတယ်။အတူတူ သေဆုံးသွားခဲ့တဲ့အိမ်ထောင်ဖက်နှစ်ဦးက ဖောက်ပြန်နေခဲ့ကြပြီး ဒီအဖြစ်အပျက်ကို သိသွားတဲ့အခါ ဒက်ချ်ရော ကေ ရော ဘယ်လိုတုံ့ပြန်ကြမလဲ၊ စိတ်နာကျင်မှုတွေကြားက သူတို့ရဲ့အိမ်ထောက်ဖက်တွေရဲ့ အသက်ရှင်တဲ့သတင်းကြားနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ စုံစမ်းပုံတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဒါ့အပြင် သေဆုံးသွားတဲ့ ချစ်သူတွေရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ချရာကနေ အဓိကဇာတ်ကောင်နှစ်ဦးရဲ့ ဆက်ဆံရေး ဘယ်လိုတိုးတက်လာမလဲဆိုတာကိုလည်း ရင်တထိတ်ထိတ်နဲ့ တွေ့မြင်ရဦးမှာပါနော်။ အချစ်ဒရာမာကားကောင်းကောင်း ကြည့်ချင်သူတွေ၊ ဇာတ်လမ်းထဲ ကိုယ်တိုင်ဝင်ရောက်ခံစားချင်သူတွေအတွက် တကယ့်ကို လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါပဲနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ YOON ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း