The Last 7 Days
ဒီဇာတ်ကားလေးကတော့ သေဆုံးသူဝိညာဥ်ဟာ ကွယ်လွန်ပြီး ၇ ရက်အတွင်း လှည့်ပတ်သွားလာနိုင်တယ်ဆိုတဲ့အယူအဆကို အခြေခံပြီးရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ တာရီဟာ ဘီအန်းနဲ့ဟာနစ်ဖ်လို့ခေါ်တဲ့ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ဘဝကိုရုန်းကန်နေရတဲ့သူပါ။ အစ်ကိုဖြစ်သူ ကာဒါကလည်း အလုပ်မယ်မယ်ရရမလုပ်ပဲ အကြွေးပတ်လည်ဝိုင်းနေကာ ညီမဖြစ်သူဆီက ပိုက်ဆံကိုလက်ဝါးဖြန့်တောင်းနေသူ ဖြစ်ပါတယ်။ တစ်နေ့ ကာဒါ့ဆီကို သူတို့နယ်က အမေကျန်းမာရေးအခြေအနေမကောင်းကြောင်း ဆက်သွယ်လာတဲ့အတွက် သူတို့မောင်နှမနှစ်ယောက်ကို ငယ်စဥ်ကတည်းက မောင်းထုတ်ခဲ့တဲ့ သူတို့အမေ့ဆီကို ထွက်လာခဲ့ကြပါတယ်။ အသက် ၇၀ အရွယ် မိခင်ဖြစ်သူက အသက်အရွယ်နဲ့မလိုက်ပဲ အရမ်းနုပျိုနေတာမို့ တာရီတို့တွေ အားလုံးအံ့သြနေကြပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆေးပညာအရ နာမည်တပ်လို့မရနိုင်တဲ့အခြေအနေဖြစ်ပြီး ဆရာဝန်က လက်လျှော့ထားရတာပါ။ ဒီလိုနဲ့ထူးခြားတဲ့လက္ခဏာတွေဖြစ်လာတာမို့ နယ်ခံနတ်ဆရာကို ပင့်ပြီး အစီအရင်တွေနဲ့ကုသပေးလိုက်တဲ့အခါ အသက်မဲ့သွားတဲ့ခန္ဓာကိုယ်ဖြစ်ခါ အဘွားကြီးရုပ်အဖြစ် ပြောင်းလဲသွားပါတယ်။ တကယ်တော့ တာရီတို့မိခင်က ပီယအပ်ကျိန်စာမိနေတာပါ။ နတ်ဆရာကြီးက သူတို့မိခင်အလောင်းကို ၇ ရက်စောင့်ပြီး ကီလီဝန်ကြာသပတေးနေ့မှာ သတ်မှတ်ထားတဲ့နေရာမှာ ရေသင်္ဂြိုဟ်ဖို့ မှာကြားခဲ့ပါတယ်။ ဒီ ၇ ရက်အတွင်း တာရီတို့ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်လိုခြောက်လှန့်မှုတွေဖြစ်မလဲ၊ ပီယအပ်ကျိန်စာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ထိတ်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း