ဇာတ်ကားများ ရွေးရန်

Resurrection of the Little Match Girl

2002ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်ကတော့ လန်ဒန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရရှိကာ Fantasia Festivalမှာလဲ အဖွင့်ရုပ်ရှင်အဖြစ် ပါဝင်ခွင့် ရရှိထားတဲ့ IMDb 5.5 Rateရှိ Systemအမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်လဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ "မီးခြစ်ဆံသည်မလေး"ဆိုတဲ့ ပုံပြင်ကို အတုယူထားတဲ့ Systemထဲကို ဒယ်လီသမားလေး ဂျူတစ်ယောက် ရောက်သွားပါတယ်။ နဂိုကတည်းက ပရိုဂိမ်မာဖြစ်ချင်ရှာတဲ့ ဂျူတစ်ယောက် Systemထဲလဲ ရောက်ရော လက်စွမ်းပြရပါတော့တယ်။ သူရဲ့တာဝန်ကတော့ မီးခြစ်ဆံသည်မလေးရဲ့နေဝင်ချိန်မှာ သူ့ကိုပဲ တွေးရင်းနဲ့ အသေဖြောင့်အောင် လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ မီးခြစ်ဆံသည်မလေးဆီမှာ အသတ်ခံလိုက်ရတဲ့ ဂျူအိုဆိုသူ အချစ်ဦးလဲ ရှိနေပါသေးတယ်။ အဲဒီလိုနဲ့ ဒယ်လီသမား ဂျူတစ်ယောက် မီးခြစ်ဆံသည်မလေးရဲ့စိတ်ကို ဆွဲဆောင်နိုင်မလားဆိုတာ ကြည့်ကြည့်လိုက်ရအောင်။ Adminလို Systemဇာတ်လမ်းကြိုက်သူများအတွက်တော့ ဒီကားက Old but Goldပါပဲလို့ အထူးထပ်မံညွှန်းလိုပါတယ်ရှင်။ အညွှန်းနဲ့ ဘာသာပြန်ဆိုသူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း