Raid on the Lethal Zone
ဒီတစ်ခေါက် တက်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Raid On The Lethal Zone ( 2023 )ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၉၈ ခုနှစ် ၇ လပိုင်းတွင် တရုတ်နိူင်ငံ အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးမှုအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရကာ နယ်စပ်မှာ စောင့်ကြပ်နေရတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရေကြီးမှုကြောင့် ပြည်သူတွေကို နေရာပြောင်းရွှေ့ရေးအတွက် တာဝန်ယူ ကူညီပေးခဲ့ကြရပါတယ် ။ ထိုရေကြီးမှုဟာ နယ်စပ်ဒေသရှိ တောင်ထဲမှာပုန်းအောင်းနေတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ဆေးနှင့် လက်နက်များ သယ်ယူပို့ဆောင်ရန် အကောင်းဆုံး အကာအကွယ်တစ်ခုဖြစ်ခဲ့ပါတယ်။ထို့ကြောင့် နယ်စပ်ဒေသမှာ စောင့်ကြပ်နေရတဲ့ တပ်ဖွဲ့တွေဟာ သဘာဝဘေးအန္တရာယ်ရော မူးယစ်ဂိုဏ်းရဲ့ အန္တရာယ်ရောကို ရင်ဆိုင်နေရပါတော့တယ်။ဒီလိုနဲ့ ရေဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်နေစဉ်အတွင်း မူးယစ်ကုန်ကူးသူတွေရဲ့ သတင်းရရှိတာကြောင့် နယ်စပ်ကာကွယ်ရေး အထူးတပ်ဖွဲ့ ၈၀၇၇ တပ်ရင်း မှ တပ်သားတွေဟာ မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ကြိုးပမ်းရင်း တိုင်းပြည်အတွက် အသက်စတေးခဲ့ကြပါတယ်။ ဒီကားလေးမှာ ကပ်ဘေးအန္တရာယ်နှင့် ဒုစရိုက်ဂိုဏ်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားရင်း အသက်စတေးခဲ့ကြတဲ့ တပ်သားတွေရဲ့ ရဲစွမ်းသတ္တိရှိမှုနဲ့ တိုင်းပြည်နဲ့ ပြည်သူ့အတွက် အနစ်နာခံပေးဆပ်ကာ ကာကွယ်စောင့်ရှောက်မှုတွေကို ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း