ဇာတ်ကားများ ရွေးရန်

916 Kunjuttan

2025ဇာတ်ကားWeb-dl 1080p

ဒီရုပ်ရှင်ဟာ ဒဏ်ရာတွေဗရပွနဲ့ ဘယ်ကမှန်းမသိ ရောက်လာတဲ့ လူကြီးတစ်ယောက်နဲ့ အစပြုထားပါတယ်။ အဲဒီလူကြီးဟာ ကလေးမလေးကို သူကြုံတွေ့ခဲ့ရတဲ့ အံ့သြစရာလူတစ်ယောက်အကြောင်း ဇာတ်လမ်းလေးတစ်ပုဒ်ပြောနေပါတယ်။ဇာတ်လမ်းလေး အမည်ကတော့ "916 ကွန်ညိုတန်" တဲ့။ ကွန်ညိုတန်ဆိုတဲ့ လူပုကလေးဟာ ရွာမှာတော့ ပျော်ပျော်နေတတ်ပြီး သူများတွေကို အကူအညီပေးဖို့လက်မနှေးတဲ့ ကောင်ကလေးတစ်ယောက်ပါ။ ဒါပေမယ့် မြို့မှာတော့ တရားမဝင်မှောင်ခိုလုပ်ငန်းတွေအများကြီး လုပ်ကိုင်နေတဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်ပေါ့။ ဒီလိုနဲ့ သူ့မိဘတွေရဲ့ အိမ်ထောင်ပြုပြီး အတည်တကျနေစေချင်တယ်ဆိုတဲ့ တိုက်တွန်းချက်အရ အင်တာနက်ပေါ်မှာ ဇနီးလောင်းရှာပုံတော် ဖွင့်ပါ​တော့တယ်။ ဒီလိုနဲ့ ကွန်ညိုတန်တစ်ယောက် လက်ထပ်ဖို့ လာကမ်းလှမ်းတဲ့ မိန်းမချောလေးကိုတွေ့လာတဲ့အခါ..... ကံဇာတ်ဆရာဟာ သုံးပေလောက်ပဲ အရပ်ရှည်တဲ့ လူပုကလေးကို ဘယ်လိုကျီစယ်မလဲ..... သူ့ဆီချဉ်းကပ်လာတဲ့ မိန်းကလေးကရော တကယ့်သဘောရိုးနဲ့လား ဒါမှမဟုတ် လိမ်ဆင်တွေအများကြီးနဲ့သူလား..... သူ့ရဲ့ မှောင်ခိုလုပ်ငန်းတွေကရော ဘယ်လိုတွေ ဖြစ်သွားမလဲ.....သူဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်သွားမလဲ.....ဆိုတာတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဟာသဇာတ်မြူးလေးကိုမှ အထိုးအကြိတ် အက်ရှင်လည်းပါ၊ အလွမ်းအဆွေးလေးလဲ ပါချင်သူပရိသတ်တို့အတွက် လက်မလွှတ်တမ်း စောင့်ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Htet Shweyi ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း