ဇာတ်ကားများ ရွေးရန်

Vash

2023ဇာတ်ကားWeb-dl 1080p

အောက်လမ်းဆန်ဆန်ပြုစားတဲ့ဇာတ်လမ်းတွေစိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးက အရမ်းကြည့်လို့ကောင်းပါတယ်။ ဇာတ်ကားထဲမှာ မိသားစု ၄ယောက်-- ဖခင်ဖြစ်သူ "အာသာဗာ" ဆိုတဲ့လေယာဉ်မှူး၊ ဇနီးဖြစ်သူ "ဘီနာ"၊ သမီးကြီး "အာရီရာ" နဲ့ သားလေး "အန့်ရှ်"-- က ဘဝကို ချမ်းချမ်းသာသာ၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြတယ်။ တစ်နေ့ မြို့နဲ့အလှမ်းဝေးတဲ့နေရာမှာရှိတဲ့ သူတို့ရဲ့အပန်းဖြေအိမ်ကြီးဆီကို သွားကြရင်း လမ်းဘေးဆိုင်မှာ သူစိမ်းတစ်ယောက်နဲ့ဆုံပြီး စကားတွေပြောခဲ့ကြတယ်။ အပန်းဖြေအိမ်ကြီးကိုရောက်‌တော့ အဲ့ဒီသူစိမ်းကလည်းနောက်ကလိုက်လာတယ်။ ထူးဆန်းတာက အာရီရာက ထိုလူခိုင်းသမျှ ဘာမဆိုအကုန် တသွေမတိမ်းလုပ်ပေးပြီး ပြုစားခံလိုက်ရတယ်။ ထိုလူက အာရီရာ့ကိုသူ့ဆီပေးဖို့ မိဘတွေကိုခြိမ်းခြောက်အကျပ်ကိုင်တယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်မလဲ။ နောက်ဆုံး အာရီရာကိုပေးလိုက်ရမှာလား၊ ထိုလူကို နှိမ်နင်းနိုင်မလားဆိုတာကို စိတ်ဝင်စားစွာကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အာသာဗာအဖြစ် မင်းသား Hitu Kanodia၊ ဘီနာအဖြစ် မင်းသမီး Niilam Paanchal၊ အာရီရာအဖြစ် မင်းသမီး Janki Bodiwala နဲ့ သူစိမ်း ပရာတာအဖြစ် မင်းသား Hiten Kumar တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Cherry ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း