Lilim
ဒီဇာတ်ကားလေးကတော့ ၁၉၈၃ ခုနှစ်အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဖိလစ်ပိုင်ဟော်ရာကားလေး ဖြစ်ပါတယ်။ တောနက်ထဲမှာရှိတဲ့ မိဘမဲ့ကျောင်းက အဖြစ်အပျက်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ အီဆာနဲ့ တိုမက်စ်တို့ မောင်နှမဟာ ဖခင်ဖြစ်သူရဲ့နှိပ်စက်မှုကို မခံနိုင်လို့ အိမ်ကနေထွက်ပြေးလာကြပါတယ်။ လမ်းတစ်ဝက်အရောက်မှာ မောင်လေးတိုမက်စ် ဆင်းပြေးသွားလို့ လိုက်ရှာရင်း တောနက်ထဲက မိဘမဲ့ကျောင်းတစ်ခုဆီ ရောက်သွားပါတယ်။ မိဘမဲ့ကျောင်းဆိုပေမယ့် ယောက်ျားလေးသီးသန့်ကျောင်းဖြစ်နေကာ ထူးဆန်းတဲ့အပြုအမူတွေ ရှိတဲ့နေရာပါ။ အီဆာတို့မောင်နှမလည်း ခဏတည်းဖို့ဆုံးဖြတ်လိုက်ပြီး မိဘမဲ့ကျောင်းရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကို သတိထားမိလာပါတယ်။ တကယ်တော့ ဒီမိဘမဲ့ကျောင်းက သာမန်မဟုတ်ပဲ နတ်ဆိုးကိုးကွယ်သူတွေရဲ့နေရာဖြစ်ပြီး မိဘမဲ့ကလေးတွေအနေနဲ့ နတ်ဆိုးရဲ့ယဇ်ပူဇော်ပစ္စည်းအဖြစ် အသုံးချခံနေရတာပါ။ ဒီအခြေအနေကို အီဆာတို့ ဘယ်လိုရင်ဆိုင်မလဲ၊ နတ်ဆိုးလက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ဖိလစ်ပိုင်ဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း