ဇာတ်ကားများ ရွေးရန်

Finally Dawn

2023ဇာတ်ကားWeb-dl 1080p

Vintage ရုပ်ရှင်လောကရဲ့ အငွေ့အသက်တွေအပြည့်အဝရမယ့် အီတလီဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၅၀ ဝန်းကျင် အီတလီနိုင်ငံ ရောမမြို့ရဲ့ ရုပ်ရှင်လောကကို အခြေတည်ထားပြီး မင်းသမီးချောတွေရဲ့ တမူထူးခြားတဲ့ အားပြိုင်မှုဇာတ်ရုပ်တွေကို ကြည့်ရှူရမှာပါ။ မီမိုဆာဟာ အနေအေးပြီး လူကြောက်တတ်တဲ့ မိန်း‌ကလေးငယ်လေးတစ်ယောက်ဖြစ်ပြီး မိဘတွေရဲ့ အိမ်မှာ နေထိုင်ပါတယ် မီမိုဆာရဲ့ အစ်မ အိုင်းရစ် ကတော့ မီမိုဆာနဲ့မတူဘဲ သွက်လက်ပြီး လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်ပါ။ တစ်နေ့မှာ အစ်မဖြစ်သူ အိုင်းရစ်ရဲ့ ရုပ်ရှင်တစ်ခုမှာ လူရွေးပွဲဝင်တာကို လိုက်သွားမိရင်း ဇာတ်ဆောင်မင်းသမီးရဲ့ မျက်စိကျခြင်းကိုခံလိုက်ရတဲ့ မီမိုဆာတစ်ယောက် ဘဝမှာ မမေ့နိုင်စရာ ညတစ်ညကိုဖြတ်သန်းရပါတော့တယ်။ ရုပ်ရှင်လောကရဲ့ သရုပ်မှန်တွေ ၊ အချင်းချင်း ချောက်ချမှုတွေ မနာလိုမှုတွေ ကြားမှာ မီမိုဆာတစ်ယောက် ဖြူစင်မှုကို မပျောက်မပျက်ထိန်းထားနိုင်မလား သူမရဲ့ ကြောက်တတ်ပြီး လူတောမတိုးတဲ့ ပုံစံကနေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စီးမြောကြည့်ရှူရမယ့်အပြင် တွေးစရာတွေအများကြီး ကျန်ခဲ့မှာတော့ အသေအချာပါပဲခင်ဗျာ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း