Under the Light
ဒီတစ်ခါတော့ မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ Under The Light 2023 ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့လယ်ခေါင်မှာ ဘတ်စကားတစ်စီးဟာ ပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်မပေးရင် ဗုံးကိုဖောက်ခွဲပစ်မယ်ဆိုပြီး ချိန်းခြောက်ခဲ့ပါတယ် ။ ဒါကြောင့် ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ခဲ့ပြီး ညှိနှိုင်းမှုအောင်မြင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဗုံးကပေါက်ကွဲသွားခဲ့ပါတယ်။ရဲတပ်ဖွဲမှ ဗုံးပေါက်ကွဲမှုကို စစ်ဆေးကြရာ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ ထိပ်တန်းအာဏာရှင်တွေပါဝင်ပတ်သတ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဗုံးပေါက်ကွဲတဲ့ အမှုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါရှာဖွေတွေ့ရှိလာပြီး စုံစမ်းစစ်ဆေးကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ....? ဒုမြို့တေယ်ဝန်ကရော အမှုကိစ္စတွေနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာ ဇာတ်ကားလေးနဲ့အတူ ကြည့်ရှု့ခံစားပေးပါဦးနော်။ဒီဇာတ်လမ်းလေးဟာ အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပူးပေါင်းပြီးအချင်းချင်း လက်တစ်လုံးခြား လှည့်စားမှုတွေနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ထောင်ချောက်ဆင်တာကို ကြည့်ရှု့ခံစားရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း