ဇာတ်ကားများ ရွေးရန်

Swelter

2014ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကိုတော့ နေမင်းကမျက်တောင်တောင်မခတ်ဘူးလားထင်ရအောင် ပူလောင်လွန်းပြီး Las Vegas လိုမြို့ကြီးရဲ့ အပြင်ဘက်အစွန်အဖျားက ဘယ်သူမှ ဝင်လာဖို့စိတ်ကူးမရကြတဲ့ အစွန့်ပစ်ခံ အမေ့လျော့ခံ Baker မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ အပူချိန်ပြင်းလွန်းတဲ့ကန္တာရအလယ်မှာရှိတဲ့ ဖုန်တထောင်းထောင်းနဲ့ဒီမြို့လေးမှာတော့ မြို့သူမြို့သားတွေက လုပ်ကိုင်စားသောက်စရာ လုပ်ငန်းမယ်မယ်ရရမရှိတဲ့အတွက် လောင်းကစားနဲ့အခြားသော တရားမဝင်လုပ်ငန်းတွေကိုသာ လုပ်ကိုင်ပြီး နေထိုင်စားသောက်နေခဲ့ရပါတယ်။ တစ်နေ့တစ်နေ့ကို တစ်ပုံစံတည်းပဲ ဖြတ်သန်းနေခဲ့တဲ့ ဒီမြို့လေးနဲ့ မြို့သူမြို့သားတွေရှိရာကို Gabriel Bishop လို့ခေါ်တဲ့ လူတစ်ယောက် ရောက်ချလာတဲ့အခါမှာတော့ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ခိုးဆိုးလုယက်သောင်းကျန်းပြီး နိုင်ထက်စီးနင်းဆန်လွန်းတဲ့ လူမိုက်တစ်အုပ်ကို မောင်းထုတ်ချင်လို့ Gabriel Bishop ကို မြို့ရဲ့ခရိုင်မှူးအဖြစ်တင်မြောက်လိုက်ကြတဲ့ မြို့သူမြို့သားတွေအနေနဲ့ ဒီပြောင်းလဲမှုတွေကို သိပ်သဘောမကျကြပါဘူး။ လူတိုင်းမုန်းတာခံနေရတဲ့ Gabriel Bishopဟာ မကြာခင်မှာ သူ့မြို့မှာကျရောက်လာတော့မယ့် ပြဿနာတွေကိုမသိဘဲ ခရိုင်မှူးတစ်ယောက်ရဲ့တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ လွန်ခဲ့တဲ့ဆယ်နှစ်က ကာစီနိုကိုဓားပြတိုက်ရာကနေ အကျဉ်းချခံလိုက်ရတဲ့ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်တွေက ထောင်ကနေထွက်ပြေးလွတ်မြောက်လာပြီး သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းကိုလိုက်ရှာနေကြပါတယ်။ ထိုအဖွဲ့ဝင်ရဲ့ခြေရာကို လိုက်ရင်းလိုက်ရင်းနဲ့ Gabriel Bishop ရှိတဲ့ Bakerမြို့လေးဆီကို ရောက်လာကြပြီး မြို့ထဲမှာ သောင်းကျန်းကြတော့ ဥပဒေဘက်တော်သားခရိုင်မှူး Gabriel နဲ့ ဂိုဏ်းသားတွေ ထိပ်တိုက်ရင်ဆိုင်ကြရဖို့ဖြစ်လာပါတော့တယ်။ ဒီဥပဒေဘက်တော်သားခရိုင်မှူးမှာလည်း လူတွေမသိတဲ့ လျှို့ဝှက်ချက်လေးတစ်ခုရှိနေပါတယ်....အဲဒါကတော့.... လူတွေရဲ့ပြောင်းလဲတတ်တဲ့အကျင့်စရိုက်၊ ပတ်ဝန်းကျင်ကလူကိုဖန်တီးတယ်ဆိုတဲ့ သဘောတရားကို ကောင်းကောင်းပုံဖော်ထားတဲ့ Action & Thriller ကိုမှ Melodrama လေးစွက်ထားတဲ့ ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာKeith Parmerရီုက်ကူးထားပြီး Mr. Lovermanနဲ့ Fear the Walking Deadတို့မှ Lennie James ပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Theingi.S.S ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း