Maargan
အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းကားလေးပါ။ မိန်းကလေးတွေကို ဆေးထိုးသတ်ပြီး တစ်ကိုယ်လုံးမည်းသွားတဲ့အလောင်းကို အမှိုက်ပုံထဲမှာ ပစ်ထားတဲ့ ကွင်းဆက်လူသတ်ကားပါ။ ဒရုဆိုတဲ့ ရဲအရာရှိရဲ့သမီးလည်း အဲ့လိုအသက်ခံလိုက်ရတယ်။ သမီးစိတ်နဲ့စိတ်ထိခိုက်နေတဲ့ ဒရုက ရဲအလုပ်ကနုတ်ထွက်ဖို့ စာတင်ထားချိန်မှာ အလားတူ လူသတ်မှုတစ်ခု ထပ်ဖြစ်ခဲ့တယ်။ ဒရုလည်း လူသတ်သမားကိုတွေ့အောင်ရှာဖို့ဆုံးဖြတ်လိုက်တယ်။ အမှုက သက်သေရဖို့အရမ်းခက်ခဲနေချိန်မှာ ထူးဆန်းတဲ့ သံသယရှိဖွယ်ကောင်လေးတစ်ယောက် (အာရိဗု)ကို အခင်းဖြစ်တဲ့ညက စီစီတီဗီထဲမှာတွေ့လိုက်တယ်။ အာရိဗုမှာ ထူးဆန်းတဲ့မှတ်ဉာဏ်စွမ်းအား ရှိတယ်။ အမှုရဲ့သဲလွန်စကို အာရိဗုရဲ့ စိတ်လွှင့်စွမ်းအားနဲ့ ရှာတွေ့ခဲ့ချိန်မှာ လူသတ်သမားက လုံးဝထင်မှတ်မထားတဲ့သူ ဖြစ်နေတယ်။ လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့်သူတို့ကို သတ်လိုက်တာလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရဲအရာရှိဒရုအဖြစ် မင်းသား Vijay Antony ၊ အာရိဗုအဖြစ် မင်းသား Ajay Dhishan ၊ ရမ်မီယာအဖြစ် မင်းသမီး Deepshikha နဲ့ ရဲစုံထောက်ဆရူသီအဖြစ် မင်းသမီး Brigida Saga တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း