Breathless
ဂင်ဆန်းဟွန်းကတော့ ငယ်ငယ်ကတည်းက အဖေက အမေဖြစ်သူကိုရိုက်နှက်တာကိုမြင်ရပြီး စိတ်ဒဏ်ရာရပြီး ကြီးပြင်းလာတဲ့လူပါ။ အဖေဖြစ်သူကြောင့် အမေကဆုံးသွားတာမလို့ အဖေဖြစ်သူထောင်ကျသွားပေမဲ့ စိတ်ထဲမှာ အခဲမကြေခဲ့ပါဘူး။ ဒီလိုနဲ့အရွယ်ရောက်လာတော့လည်း သူ့သူငယ်ချင်းဖြစ်သူရဲ့ ငွေချေးလုပ်ငန်းမှာ အတိုးလိုက်ကောက်တဲ့အလုပ်လုပ်ပါတယ်။ ဆန်းဟွန်းမှာ အစ်မနဲ့တူလေးရှိပြီး သူကသာ နှုတ်ကြမ်းလူကြမ်းဆိုပေမဲ့ သူ့လစာတွေကို တူလေးဆီလာလာပေးတတ်ပါတယ်။ တူလေးဆီကအပြန်လမ်းမှာဆုံတဲ့ ဟန်ယွန်ဟီးဆိုတဲ့ကျောင်းသူလေးနဲ့ ရန်ဖြစ်ရိုက်နှက်ရင်း သူတို့၂ယောက် သူငယ်ချင်းဖြစ်သွားကြပါတယ်။ ဟန်ယွန်ဟီးကလည်း အိမ်တွင်းရေးမအေးချမ်းဘဲ သူ့ဘဝသူရုန်းကန်နေရတဲ့ အကြောင်းအရင်းတွေရှိတဲ့ကျောင်းသူလေးပါ။ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ တူနေကြတဲ့ သူတို့နှစ်ယောက်ကြား တဖြည်းဖြည်း သံယောဇဉ်တွေတိုးလာခဲ့ပါတယ်။ ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့်သာ ရိုက်နှက်ရမ်းကားတတ်တဲ့ စိတ်ကြမ်းလူကြမ်း လူတစ်ယောက်ဖြစ်လာခဲ့တဲ့ ဆန်းဟွန်းရဲ့ဘဝခရီးလမ်းကရော သာယာနိုင်ပါ့မလားဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း