Singsot
မိရိုးဖလာယုံကြည်မှုတွေဆိုတာ မပယ်ရှားကောင်းဘူးဆိုတဲ့အကြောင်းကို ပညာပေးရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေးပဲ ဖြစ်ပါတယ်။ အီပွန်းဆိုတဲ့ကောင်လေးဟာ နေဝင်ရီတရောအချိန်မှာ လေမချွန်ရဘူးဆိုတဲ့ အဘွားဖြစ်သူရဲ့သတိပေးစကားကို အလေးမထားခဲ့မိလို့ သရဲခြောက်လှန့်ခြင်းကို အကြီးအကျယ်ခံစားရပါတော့တယ်။ ဒီပြဿနာရဲ့အစကတော့ သူတို့နေထိုင်တဲ့ရွာအနီးမှာ လူသူကင်းဝေးတဲ့တောလမ်းတစ်နေရာရှိပြီး ငှက်ဖမ်းသွားတဲ့ ပီတီဆိုသူကို မမြင်အပ်တဲ့အရာတစ်ခုက ဖမ်းစားပြီး ပြုစားခံလိုက်ရပါတယ်။ မိန်းမဖြစ်သူကလည်း ခင်ပွန်းသည်ကို ကယ်ဆယ်ဖို့ နည်းလမ်းအစုံကြိုးစားရင်းကနေ အီပွန်းတို့မြေးအဘိုးနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေကြမလဲ၊ အီပွန်းကို ခြောက်လှန့်နေတဲ့အရာတွေက ဘယ်ကရောက်လာတာလဲ၊ အီပွန်းကရော လူစားလဲခံရမယ့် အန္တရာယ်ကနေ ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာကို ထိတ်လန့်ဖွယ်ဇာတ်ဝင်ခန်းတွေနဲ့အတူ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း