ဇာတ်ကားများ ရွေးရန်

Ne Zha II

2025ဇာတ်ကားWeb-dl 4K SDR

တစ်ခါတလေမှာ လူကောင်းလို့ထင်ထားတဲ့သူတွေက ပိုဆိုးဝါးကြပြီး မကောင်းဘူးလို့ထင်တဲ့သူတွက မထင်မှတ်လောက်အောင် ကောင်းနေတတ်ကြပါတယ်။ ဒီတစ်ခေါက်ပိတ်ရက်မှာ ပရိတ်သတ်ကြီးတို့ ကြည့်ရမဲ့ ကားကတော့ ၂၀၂၅ ခုနှစ်မှာ နာမည်ကြီးလူကြိုက်များတဲ့ ကလေးလူကြီးအကြိုက် နီကျား ကာတွန်းကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကပ်ဘေးအန္တရာယ်ကြီးပြီးတဲ့နောက်ပိုင်း နီကျားနဲ့ အောက်ပင်တို့ရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ သူတိုရဲ့ခန္ဓာကိုယ်တွေက မကြာမီ ပျက်သုဥ်းသွား တော့မှာပါ။ ကောင်းကင်နတ်မင်းကြီးရဲ့ တပည့်ဖြစ်သူ ထိုက်ယီဟာ ခုနစ်ရောင်ခြယ်ကြာပန်းနဲ့ သူတိုနှစ်ဦးကို ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ဖို ကြိုးစားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နီကျားနဲ့ အောက်ပင်တို့ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာဦးမလဲ။ နောက်ထပ်တပည့်တစ်ဦးဖြစ်တဲ့ သစ္စာဖောက် ရှိန်ကုန်းပေါက်က ဖမ်းဆီးထားတဲ့ နဂါးမင်းလေးပါးကို လွှတ်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အရှေ့ပင်လယ်နဂါးမင်း အောက်ကွမ်းက လူသားအသွင်ပုံစံနဲ့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပြီး "ငါသာတိုက်ပွဲစရင် ချိန်ထန်ဂိတ်ကို ကြက်ငှက်မကျန် ဖျက်ဆီးပစ်မယ်" လို ကြိမ်းဝါးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နီကျားဟာ ချိန်ထန်ဂိတ်ကို ကာကွယ်ဖို့ ပင်လယ်နဂါးမင်းလေးပါးနဲ့ ဘယ်လို အပြင်းအထန် တိုက်ခိုက်ရမလဲဆိုတာ ... သူတို့ရဲ့ ချိန်ထန်ဂိတ်ကိုရော ဘာလို့လာတိုက်ခိုက်ကြတာလဲ.... အဲလိုတိုက်ခိုက်ခံရတဲ့ နောက်ကွယ်က တရားခံက ပရိတ်သတ်ကြီးတို့ မထင်မှတ်ထားတဲ့ သူဖြစ်နေပါတယ်နော် .... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ NweNi ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း