ဇာတ်ကားများ ရွေးရန်

The Secret Recipe

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​တော့ နာမည်အတိုင်း လျှို့ဝှက်ထားတဲ့ဟင်းချက်နည်းကို ရှာ​ဖွေမယ့် စားဖိုမှူး​ရေဆာရဲ့ ဘဝသရုပ်​​ဖော်အချစ်ဇာတ်လမ်း​လေး ဖြစ်ပါတယ်။ စားဖိုမှူး​ရေဆာဟာ အီတလီအစားအစာ​တွေကို ကျွမ်းကျင်စွာချက်ပြုတ်တတ်တဲ့ နာမည်ကြီးစားဖိုမှူးတစ်​ယောက်ဖြစ်ပြီး မဟာရာဆာဆိုင်ကို ဦးစီး​နေတဲ့ စားဖိုမှူး​​ခေါင်း​ဆောင် ဖြစ်ပါတယ်။ မဟာရာဆာဆိုင်ကို​တော့ ချစ်သူဖြစ်သူ ဒင်ဒါ့ဖခင် လုပ်ငန်းရှင်သူ​ဌေးကြီးဆူဘရိုတို ပိုင်ဆိုင်ပြီး မျိုးချစ်စစ်ဓါတ် ပြင်းထန်သူဖြစ်ပါတယ်။ နိုင်ငံခြားအစားအစာထက် ရိုးရာအင်ဒိုနီးရှားအစားအစာကို ခုံမင်သူဖြစ်ပါတယ်။ ​ရေဆာက​တော့ အီတလီမှာ စား​သောက်ဆိုင်ဖွင့်ဖို့ ရည်စူးထားသူဖြစ်ပြီး အိမ်မက်အတွက် ကြိုးစား​နေသူတစ်​ယောက်ပါ။ တစ်​နေ့ မဟာရာဆာအတွက် မီနူးအသစ်ဖန်တီး​ပေးဖို့ ဖူစ့်တီကာရာဆာဆိုတဲ့ ချက်ပြုတ်နည်း ၁၀၀၀ က​နေ ကိုးကားပြီး အင်ဒိုနီးရှားအစားအစာတစ်ခု ဖန်တီး​ပေးဖို့ဖြစ်လာတဲ့အချိန်.....ငယ်ဘဝစိတ်ဒဏ်ရာ​ကြောင့် ​ဒေသထွက်ဟင်းခတ်အ​မွှေးအကြိုင်အနံ့ကို မခံနိုင်တဲ့ ​ရေဆာတစ်​ယောက် ဘယ်လိုရင်ဆိုင်မလဲ၊ ဖူစ့်တီကာရာဆာရဲ့​နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုက ဘာ​တွေလဲ၊ ​ရေဆာ့ရဲ့အချစ်​ရေးက​​ရော တည်မြဲနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမယ့် ဘဝသ​ရုပ်​​ဖော် အင်ဒိုဇာတ်ကား​ကောင်း​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း