Visible Secret
ဒီတစ်ခေါက်တင်ဆက်ပေးမယ်ဇာတ်ကားလေးကတော့ ဒါရိုက်တာPang Ho-Cheung ရိုက်ကူးထားပြီး ဟောင်ကောင်ရဲ့ နာမည်ကျော်သရုပ်ဆောင် Shu Qi နှင့် Eason Chan တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Visible Secret (2001) ဆိုတဲ့ သဘာဝလွန် သရဲကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပီတာဟာ ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး သာမန်ဘဝတစ်ခုမှာနေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ ကျွမ်း(ခ) စွေ့ကင် ဆိုတဲ့ ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျွမ်းဟာ သဘာဝလွန်အရာတွေမြင်နိုင်တဲ့ စွမ်းအားရှိပြီး သရဲတွေနဲ့ ဆက်သွယ်နိုင်သူဖြစ်ပါတယ်။သူတို့နှစ်ဦးက ချစ်သူတွေဖြစ်လာပြီး ကျွမ်းရဲ့ ထူးဆန်းတဲ့အပြုအမူတွေက ပီတာကိုစိတ်ပူစရာဖြစ်လာပါတယ်။ ဒီလိုနဲ့ ပီတာအနားတွင် သူ့ဖခင်ဖြစ်သူနဲ့သက်ဆိုင်တဲ့ သရဲတစ်ကောင်ရှိနေသည်ကို သိရှိသွားပြီး အတိတ်ကအကြောင်းအရာတွေကို အစပြန်ဖော်ကာ ကျွမ်း ရဲ့ကူညီမှုနဲ့အတူ သရဲတွေနဲ့ရင်ဆိုင်ပြီး သူ့အတိတ်ထဲက မှောင်မိုက်မှုရဲ့ အဖြေကိုရှာဖွေဖို့ဖြစ်လာပါတယ်။ ထိုသရဲဟာ ပီတာအဖေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေတာလဲ ကျွမ်းရဲ့ အနားမှာရော ဘာလို့တစ်ချိန်လုံး ပေါ်လာနေရတာလဲ ကျွမ်းကရော ဘာကြောင့် သရဲတွေမြင်နေရတာလဲ ဆိုတာကို ကြည့်ရှု့ခံစားပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း