ဇာတ်ကားများ ရွေးရန်

Tell Me Something

1999ဇာတ်ကားWeb-dl 1080p

အထူးသတိပေးချက် - သွေးထွက်သံယိုခန်းများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခန်းများ ပါသဖြင့် အသက်ပြည့်ပြီးမှသာ ကြည့်ပါရန်။ IMDb Rate 6.4 ရရှိထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် နာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Han Suk Kyu (Dr. Romantic)၊ 90s ခုနှစ်များရဲ့ပြည်သူ့အချစ်တော် မင်းသမီး Shim Eun Ha၊ Miss Korea 1991 1st Runner Upဆုရှင် Yum Jung Ah(Sky Castle, The Defects)တို့ ပါဝင်ထားတဲ့အတွက် ကောင်းမှာကတော့ အသေအချာပါပဲ။ ဒီဇာတ်လမ်းထဲမှာဆိုရင် လူသုံးယောက် ခြေ၊ လက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါအဖြတ်ခံထားရတာနဲ့ ဇာတ်အိမ်စတည်ထားပါတယ်။ သူတို့သုံးယောက်လုံးမှာ တူညီတဲ့အချက်ဆိုလို့ ချယ်ဆူယွန်း(Shim Eun Ha)နဲ့ ပတ်သက်ဖူးတာပဲ ရှိပြီး အမှုစုံစမ်းနေတုန်းမှာပဲ လူသတ်သံသယရှိသူကပါ ထပ်သေသွားတော့ ရဲတွေခမျာ ပိုအကျပ်ရိုက်သွားပါတော့တယ်။ ဒီလို ခေါင်းစားရတဲ့ ကွင်းဆက်အမှုတွေကို စုံစမ်းရတဲ့ ခေါင်းဆောင်ကတော့ စုံထောက်ဂျို (Han Suk Kyu)ပဲ ဖြစ်ပါတယ်။ အတိတ်ကို စိတ်ကုန်လို့ ဘာဆိုဘာမှ မပြောဘဲ နေနေတဲ့ ချယ်ဆူယွန်းဟာ ပျောက်သွားတာ ၅ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကြီး ပန်းချီဆရာရဲ့သမီးဆိုလဲ မမှားပါဘူး။ ပဟေဠိဆန်တဲ့ ချယ်ဆူယွန်းမှာ အလုပ်သင်ဆရာဝန် အိုဆွန်မင်း(Yum Jung Ah)ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လဲ ရှိပါသေးတယ်။ ရဲတွေရဲ့ကောက်ချက်ချပုံအရ လူသတ်တရားခံဟာ ခန္ဓာဗေဒအကြောင်းကို ကောင်းကောင်း နားလည်ပြီး ခွဲစိတ်တတ်တဲ့သူဖြစ်နေတဲ့အခါမှာတော့ အိုဆွန်မင်းက သံသယဝင်စရာအကောင်းဆုံး ဖြစ်လာတော့တာပေါ့။ အဲဒီလိုနဲ့ပဲ နောက်ဆုံးမှာ တကယ့်တရားခံအစစ်ကို ဖမ်းမိသွားမှာလား..၊ အဲဒီတရားခံကရော ဘယ်သူများလဲ..။ ကဲ ဒါဆိုရင် ဒီဇာတ်လမ်းလေးကို ရင်တထိတ်ထိတ် ကြည့်ရှုလိုက်ကြရအောင်။ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူ - ခန့်ကြော့ဇင်

ဇာတ်လမ်းအကြောင်း