Jurassic World: Rebirth
ဒိုင်နိုဆောနဲ့ လူသားတွေနဲ့ဇာတ်လမ်းကတော့ မပြီးဆုံးသေးဘဲ ၂၀၂၂ က ထွက်ရှိခဲ့တဲ့တဲ့ ''Jurassic World: Dominion '' နဲ့နောက် Rebirth အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်အသည်းစွဲမင်းသမီး Scarlet Johanson လည်း ပါဝင်သရုပ်ဆောင် ထားပါသေးတယ် အရှေ့ Dominion ရုပ်ရှင်ဖြစ်ပြီးတဲ့နောက် ၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆေးဖော်စပ်ရာမှာ အင်မတန်အစွမ်းထက်လှတဲ့ ဒိုင်နိုဆောတွေရဲ့မျိုးရိုးဗီဇနမူနာကို ယူဖို့အတွက် InGen ရဲ့ လျှို့ဝှက်သုတေသနကျွန်းဟောင်းတစ်ခုကို အထူးမစ်ရှင်နဲ့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ရေနေမျိုးစိတ်ဖြစ်တဲ့ မိုဆာဆောရပ်၊ ကုန်းနေမျိုးစိတ် တိုက်တန်နိုဆောရပ်နဲ့ ငှက်မျိုးနွယ် ကွက်ဇကုတ်လတ်ရဲ့မျိုးရိုးဗီဇတွေကို ယူရဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းမှာ မိုဆာဆောရပ်တိုက်ခိုက်ခံရပြီး လှေမှောက်သွားတဲ့ မိသားစုကိုကယ်ပြီး ကျွန်းမှာပိတ်မိသွားရာကနေ ဒိုင်နိုဆောတွေကြားမှာ အသက်ရှင်ဖို့အတွက် အတူရင်ဆိုင်ရုန်းကန်ရပါတော့တယ်။ ကျွန်းပေါ်က မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ပိုမိုအန္တရာယ်များတဲ့ ဒိုင်နိုဆောတွေရန်ကနေ ဘယ်လိုလွတ်မြောက်ပြီး သူတို့မစ်ရှင်ကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း