ဇာတ်ကားများ ရွေးရန်

The Red Envelope

2025ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီဇာတ်ကား​လေးက​တော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ထိုင်ဝမ်ကား​လေးကို ထိုင်းဗားရှင်းအ​​နေနဲ့ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တရုတ်ရိုးရာယုံကြည်မှု တ​​​​စ္ဆေမင်္ဂလာ​ဆောင်တစ်ခုကို အ​ခြေခံပြီး လူသားနဲ့ဝိညာဥ်ကြားက ​မေတ္တာကို ပုံ​ဖော်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ မန့်ဟာ ရဲသတင်း​ပေးအ​နေနဲ့ လုပ်ကိုင်ပြီး ရဲဝန်ထမ်းဖြစ်ချင်​နေသူတစ်​ယောက် ဖြစ်ပါတယ်။ ဒါ​ပေမဲ့ အလွဲလွဲအ​ချော်​ချော်​​တွေ ဖြစ်တတ်လို့ မျက်နှာမရပဲ ​​ခြေ​ထောက်ရ​လေ့ရှိသူတစ်​ယောက်ပါ။ တစ်​နေ့ အမှတ်မထင် စာအိတ်နီတစ်ခုကို ​ကောက်ရမိရာက​​နေ သဘာဝလွန်ဆန်းကြယ်တဲ့ တ​စ္ဆေမင်္ဂလာ​​ဆောင်တစ်ခုကို ကျင်းပဖို့ဖြစ်လာပါတယ်။ တဖက်သတို့သမီး​လောင်းက မိန်းက​လေးမဟုတ်ပဲ ​ယောက်ျား​လေးတစ်​ယောက် ဖြစ်​နေတဲ့အခါ..... လိင်တူနှစ်သက်မှုကို မကြိုက်တဲ့ မန့်တစ်​ယောက် သရဲ​လေး တီတီ့အ​ပေါ် ဘယ်လိုဘယ်လိုသ​ဘောထားမလဲ၊ တီတီ့ရဲ့ မပြီး​မြောက်​သေးတဲ့ဆန္ဒ​တွေက ဘာ​​တွေဖြစ်မလဲ စသဖြင့် သူတို့ကြားက အလွဲ​လေး​တွေကို ​ပေါ့​​​​ပေါ့ပါးပါးခံစားကြည့်ရှုရမယ့် အက်ရှင်ဟာသဇာတ်ကား​ကောင်း​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း