ဇာတ်ကားများ ရွေးရန်

Thammudu

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ Action လည်းကြိုက်တယ် ၅၂၈မေတ္တာကိုလည်း နှစ်သက်ကြတဲ့ သူတွေအတွက်ပါ " Thammudu 2025 " ဖြစ်ပါတယ် လောကမှာ မိဘမေတ္တာပြီးရင် အဖြူစင်ဆုံး အကြီးမားဆုံးက မောင်နှမကြားကသံယောဇဉ်ပါ အစ်မကို အမေလို၊အစ်မလို ရင်းနှီးချစ်ခင်ခဲ့ပြီး လုံးဝမခွဲဖူးတဲ့ ကောင်လေးတစ်ယောက်ဟာ မရည်ရွယ်တဲ့အမှားတစ်ခုကြောင့် သူ့အစ်မကို တစ်ဘဝလုံးဆုံးရှုံးခဲ့ရပါတယ် နှစ်တွေများစွာကြာခဲ့ပေမဲ့ သူ့ရဲ့အပြစ်ရှိစိတ်ကြောင့် စိတ်တည်ငြိမ်မှုမရခဲ့ပါဘူး သူဟာ နိုင်ငံအဆသ့် မြားပစ်လက်ရွေးစင်ဖြစ်တာကြောင့် စိတ်တည်ငြိမ်မှုက အဓိကဖြစ်နေခဲ့ပါတယ် တစ်ဘက်မှာလည်း သူ့ဘဝထဲကထွက်သွားတဲ့အစ်မက ဘဝသစ်ကိုထူထောင်ပြီး လူအများရဲ့အလေးစာခံပုဂ္ဂိုလ်တစ်ခု ဖြစ်နေပါတယ် ကတိတစ်လုံး သိက္ခာတစ်ခုကို နည်းနည်းမှအစွန်းထင်းမခံတဲ့သူမအတွက် အလိုဆန္ဒတွေဖြည့်ဆည်းပေးဖို့ ‌သူမရဲ့မောင်လေး ပြန်လည်ရောက်ရှ်လာပါတယ် ဒီတစ်ခါ အစ်မအပေါ်မှာကျူးလွန်မိခဲ့တဲ့အမှားကို ဘယ်လိုပြန်ပေးဆပ်မလဲ? အစ်မကရော သူ့ကိုတစ်ခါပြန်လက်ခံပါမလား? အစ်မရဲ့ကတိတွေကို ဘယ်လိုများပံ့ပိုးပေးမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုပေးပါဦးရှင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း