ဇာတ်ကားများ ရွေးရန်

El 47

2025ဇာတ်ကားWeb-dl 1080p

"The 47" ဇာတ်ကားဟာ ၁၉၇၀ နှစ်ကုန်ပိုင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားနဲ့အညီ တခြားရပ်ရွာကနေ ဘာစီလိုနာမြို့ကို ဗီတဲလ်တို့ မိသားစုရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူတို့ရောက်ရှိနေတဲ့နေရာဟာ ဘာစီလိုနာမြို့နားနဲ့ တောင်ကုန်းတစ်ခုခြားနေတဲ့အခါ..... ကိုယ်တိုင် အုတ်တစ်ချပ်ချင်း အပင်ပန်းခံတည်ဆောက်ခဲ့ရတဲ့ အိမ်လေးကနေ မခွာချင်ပေမယ့် ကြားမှာ တောင်ကြီးတစ်တောင်ခြားနေတဲ့အတွက် သူတို့နေရာလေးဟာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဖက်ဖက်ကနေ ချွတ်ခြုံကျနေခဲ့ပါတယ်။ ဗီတဲလ်ဟာ အာဏာပိုင်တွေကို တောင်ကြီးကိုဖြတ်ပြီး ဘတ်စ်ကားလိုင်းတစ်ခုထောင်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အာဏာရဖို့သာ ထိုင်ခုံနေရာလုနေကြတဲ့ လူကြီးတွေကြောင့် အထမမြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘယ်သူ့ကိုမှ အားကိုးလို့မရတဲ့အခါ ကိုယ်ထူကိုယ်ထအားနဲ့ ဘယ်လိုအကြံဉာဏ်တွေ ထုတ်သွားမလဲ....သူမျှော်လင့်ထားသလို သူတို့ဆင်ခြေဖုံးရပ်ကွက်လေးရဲ့ သွားရေးလာရေး လွယ်ကူပါ့မလား......စတာတွေနဲ့အတူ ဒီဇာတ်ကားလေးမှာ ပင်စင်ယူခါနီး ယာဉ်မောင်းတစ်ယောက်ရဲ့ လောကကြီးအပေါ်ရှုမြင်တဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora Cohen ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း