ဇာတ်ကားများ ရွေးရန်

Villu

2009ဇာတ်ကားBlu-ray 1080p

အားလုံးသိကြတဲ့ မင်းသား Vijay ရဲ့လျှို့ဝှက်ထောက်လှမ်းရေးကားလေးပါ။ နိုင်ငံခြားမှာနေပြီး မူးယစ်ဆေးနဲ့လက်နက်မှောင်ခိုအလုပ်ကို အကြီးအကျယ်လုပ်ကိုင်နေတဲ့သူငယ်ချင်းသုံး‌ယောက်ထဲက တစ်ယောက်က အိန္ဒိယကိုလာဖို့သတင်းကို အိန္ဒိယရဲဘက်ဆိုင်ရာက သိသွားချိန်မှာ ထိုလူကို အရှင်ဖမ်းဖို့ စစ်ဆင်ရေးပြင်ခဲ့ပေမဲ့ ဗီလုဆိုတဲ့ ကျွမ်းကျင်လူသတ်သမားက ဖြတ်လုသွားခဲ့တယ်။ ဗီလုက ကျန်နှစ်ယောက်ထဲက တစ်ယောက်ရဲ့သမီးနဲ့ မင်္ဂလာပွဲတစ်ခုမှာဆုံပြီး ချစ်သူတွေဖြစ်သွားခဲ့တယ်။ မင်းသမီးက သူ့အဖေနဲ့ဗီလုကို ပေးတွေ့လိုက်ပြီးနောက် မှောင်ခိုဂိုဏ်းကိုလက်ဝါးကြီးအုပ်ချင်နေကြတဲ့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ ဗီလုက ဘယ်လိုတွေကစားသွားမလဲ။ ဗီလုက ရဲမဟုတ်ဘဲ ဘာလို့အခုလိုတွေလုပ်နေရတာလဲ။ ထိုလူသုံးယောက်နဲ့ဗီလုက ဘယ်လိုပတ်သတ်မှုတွေရှိနေတာလဲဆိုတာကို ကုလားကားပီပီ ချခန်းတွေ ကခန်း‌တွေ ဟာသတွေနဲ့ စိတ်ဝင်တစား ရောနှောကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဗီလု ခေါ် ပုဂယ်လ်အဖြစ် မင်းသား Vijay ၊ ဂျနာဗီအဖြစ် မင်းသမီး Nayanthara နဲ့ မင်းသမီးရဲ့အဖေအဖြစ် မင်းသားကြီး Prakash Raj တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း