ဇာတ်ကားများ ရွေးရန်

Site

2025ဇာတ်ကားWeb-dl 1080p

စိတ်ဝင်စားဖွယ် သိပ္ပံဇာတ်လမ်းကြိုက်သူတွေအတွက် "Site" လို့ အမည်ပေးထားတဲ့ ရုပ်ရှင်သစ်တစ်ခု ရပါပြီခင်ဗျာ ဒီရုပ်ရှင်ဟာ သာမန်ဇာတ်လမ်းတွေနဲ့ မတူဘဲ စိတ်လှုပ်ရှားစရာ ကောင်းပြီး ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်ကတော့ နေးလ် ဘာဒို လို့ခေါ်တဲ့ အင်ဂျင်နီယာတစ်ဦး ဖြစ်ပါတယ် နေးလ် ဟာ စစ်တပ် စမ်းသပ်ရေးနေရာဟောင်းတစ်ခုကို စစ်ဆေးဖို့ သွားရာကနေ စိတ်ကို ပြောင်းလဲသွားစေတဲ့ ထူးခြားဆန်းကြယ်တဲ့ အချိန်လှိုင်းတစ်ခုနဲ့ ကြုံတွေ့လိုက်ရပါတယ် အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ နေးလ် ဟာ ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတွေနဲ့ အတိတ်က နာကျင်စရာ အဖြစ်အပျက်တွေကို မကြာခဏ မြင်ယောင်လာပါတော့တယ်အဲဒီမြင်ကွင်းတွေထဲက အဖြစ်အပျက်တစ်ခုကြောင့် သူ့ရဲ့သားလေးဟာ မျက်စိကွယ်လုနီးပါး ဖြစ်ခဲ့ရတဲ့အခါမှာတော့ နေးလ်တစ်ယောက် ဟာ ဒီလျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ် ဇာတ်လမ်းတစ်လျှောက်လုံးမှာ နေးလ် ဟာ သူ့ရဲ့ဘဝကို ဖျက်ဆီးနေတဲ့ အဲဒီအမြင်အာရုံတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှာဖွေရင်း စစ်တပ်စခန်းဟောင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီလိုနဲ့ နေးလ်ဟာ ဒီအတိတ်ကအဖြစ်အပျက်တွေနဲ့ ဘယ်လိုပတ်သက်နေလဲ။ တစ်ခြားဘယ်သူတွေရောပါဝင်လာမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ မျိုးဆက်တစ်ခုကနေ တစ်ဆက်သို့ ကူးစက်လာတဲ့ နာကျင်မှုတွေနဲ့ မိသားစုကို ပြန်လည် ထူထောင်ဖို့ ကြိုးစားရတဲ့ အကြောင်းအရာတွေကိုပါ ပေါင်းစပ်ပြီး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတွေကို ဇာတ်လမ်းရဲ့ အဆုံးသတ်အထိ ရင်တမမနဲ့ စောင့်ကြည့်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်‌ပေးသူကတော့ Theo ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း