ဇာတ်ကားများ ရွေးရန်

Creation of the Gods II: Demon Force

2025ဇာတ်ကားWeb-dl 1080p

Hello ဒီတစ်ခေါက်မှာတော့ “Creation of the Gods II : Demon Force (2025)” ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ် ။ Creation of the Gods II: Demon Force (2025) ဟာ 2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ Creation of the Gods I: Kingdom of Storms ( 2023 ) အဆက် ဖြစ်ပြီး တရုတ်ပြည်ရဲ့ ဂန္တဝင်မြောက်ဝတ္ထုတစ်ခုဖြစ်တဲ့ နာမည်ကြီး စွန်းဝူခုန်းဝတ္ထု နဲ့ အပြိုင်နာမည်ကျော်ကြားတဲ့ ဂန္တဝင်မြောက်ဝတ္ထု 《封神演义》 (Fengshen Yanyi) ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြေခွေးမိစ္ဆာစူးသာ့ကျီ၏ ညွှတ်ကွင်းအောက်မှာ နစ်မြောနေတဲ့ ယင်ရှို့ဟာ ဖခင်အပါအဝင် မိသားစုဝင် အားလုံးကို သတ်ကာ ဘုရင်အဖြစ် နန်းတက်ခဲ့ပါတယ်။ ဖခင်ရဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ပေးခဲ့ရတဲ့ ရှန်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ယင်ကျောက်ဟာ အငြိုးနဲ့ ဒေါသတရားကြောင့် အသက်ဓာတ်ပျောက်ကွယ်သွားဖို့ ငြင်းဆန်နေခဲ့ပြီး ခွန်လွန်တောင်မှ မသေမျိုးများ၏ကူညီမှုဖြင့် အသက်ပြန်ရှင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ယင်ကျောက်၏ မိတ်ဆွေဖြစ်သူ ကျီဖာဟာ ရှန်းတိုင်းပြည်ရဲ့ ဧကရာဇ်ယင်ရှို့ကို လုပ်ကြံခဲ့ပြီးနောက် ရှန်းတိုင်းပြည်နဲ့ ရှီချီဟာ စစ်ပွဲကြီးစတင်ခဲ့ပါတော့တယ်။ ရှန်းဘုရင်ရဲ့ အမိန့်နဲ့ ရှန်းစစ်သူကြီး တျန့်ချန်းယွီဟာ မိစ္ဆာစစ်သူကြီး(၄)ယောက်ကို ဦးဆောင်ပြီး ရှီချီကိုစစ်ချီတက်လာခဲ့ပါတော့တယ် ။ ထိုသို့ ရှီချီမြို့ကို စစ်ချီတက်နေချိန်မှာပဲ ဘုရင်ယင်ရှို့ဟာ ကောင်းကင်ဘေးဒဏ်ကို ဖယ်ရှားပြီးလောကကြီးကို အုပ်စိုးနိူင်တဲ့ နတ်ဘုရားရာထူးချီးမြှင့်ကျမ်းဟာ မသေမျိုး ကျန်းကျီယာနဲ့အတူ ရှီချီမြို့မှာ ရှိနေတာကို သိရှိသွားပါတော့တယ်။ထို့ကြောင့်သူဟာ နတ်ဘုရားရာထူးချီးမြှင့်ကျမ်းကို ရယူနိူင်ရင် မင်းဆရာဝိန်ကျုံးကို စစ်တပ်နဲ့အတူ ထပ်မံစေလွှတ်ပြီးတိုက်ခိုက်ပါတော့တယ်။ ရှီချီမြို့မှာတော့ ကျန်းကျီယာနဲ့ ကျီဖာတို့ဟာ ယင်ကျောက် ယန်ကျန်း လိန့်ကျန့်ကျီ နီကျားတို့ရဲ့ အကူအညီနဲ့ ရှန့်စစ်တပ်တွေကို တွန်းလှန်ရန် ကြိုးစားနေခဲ့ရပါတယ်။ ကျန်းကျီယာနဲ့ ကျီဖာတို့အဖွဲ့ဟာ ရှီချီမြို့ကို ကာကွယ်နိူင်ပါ့မလား...?နတ်ဘုရားရာထူးချီးမြှင့်ကျမ်းကိုရော ယင်ရှို့လက်ထဲပါမသွားအောင် ကာကွယ်နိူင်ပါ့မလား ဆိုတာကို မသေမျိုးတွေရဲ့ အမိုက်စားတိုက်ခိုက်ပုံတွေ မှော်အစွမ်းပြိုင်ဆိုင်ကြပုံတွေနဲ့အတူ ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း