ဇာတ်ကားများ ရွေးရန်

Baida

2025ဇာတ်ကားWeb-dl 1080p

ရမ်တစ်ယောက် ကိစ္စရှိလို့ရွာတစ်ရွာကိုသွားရင်း ညသန်းခေါင် တောနက်ထဲကဖြတ်သွားရဖို့အကြောင်းပေါ်လာတယ်။ တောနက်ထဲခရီးဆက်ရင်း အလယ်လောက်မှာလူတစ်ယောက်နဲ့ဆုံတယ်။ အဲဒီလူကလည်း ခရီးပန်းရင် သူ့တည်းမှာနားလို့ရတယ်ဆိုပြီးဖိတ်တယ်။ အဲဒါနဲ့ရမ်လည်း တဲမှာတစ်ညတည်းမယ်ဆိုပြီး တဲထဲဝင်သွားပြီး အေးဆေးအနားယူတာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်နိုးလာတဲ့အချိန်မှာ ရမ့်ကိုဗြိတိသျှတပ်သားတွေက ကြိုးပေးဖို့အတွက် ဆွဲခေါ်သွားတာကိုခံလိုက်ရတယ်။ ရမ်လည်း မနေ့ကနဲ့ဒီနေ့နဲ့နေရာက မတူတော့တော့ သူ့ကိုယ်သူလည်းဘာဖြစ်မှန်းမသိတော့ဘူးပေါ့။ ရမ်တစ်ယောက် ဘယ်ကမ္ဘာကိုရောက်သွားတာလဲ၊ သူတွေ့ခဲ့တဲ့သူက လူလားဘာလဲ၊ ရမ် သူ့ရဲ့ပုံမှန်ဘဝကိုပြန်သွားနိုင်မှာလားဆိုတာ ဒီ mystery, thriller ကားလေးက ကြည့်ရှုသူတွေကို ဇာတ်အဆုံးထိဆွဲခေါ်သွားပေးနိုင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း