ဇာတ်ကားများ ရွေးရန်

Harvest

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဇာတ်လမ်းစစချင်း ရွာတစ်ရွာရဲ့ ငွေရှင်ကြေးရှင်လို့ထင်ရသူ သခင်ကန့်ဆိုသူရဲ့ စပါးကျီက မီးလောင်ပါတယ်။ မီးရှို့တဲ့လူတွေက ရွာရဲ့ကာလသားတွေဖြစ်ကာ မှိုစားပြီး ရှို့လိုက်ကြတာဖြစ်တယ်။ ဒါကိုတော့ ဝေါ်တာဆိုတဲ့ ဇာတ်လိုက်တစ်ဦးတည်းကသာ သိထားတာဖြစ်တယ်။ ဒီလိုနဲ့ သိပ်မကြာဘူး... သခင်ကန့်ဆီကို မြေပုံရေးဆွဲသူတစ်ဦး ရောက်လာကာ သူတို့ရွာရဲ့ မြေမျက်နှာသွင်ပြင်တွေကို လိုက်လံမှတ်သားပြီး အမည်ပေးတဲ့အလုပ်တွေကို လုပ်ပါတော့တယ်။ သူနဲ့ရှေ့ဆင့်နောက်ဆင့်ဆိုသလို လူစိမ်းသုံးဦးကလည်း ရွာအနီးကိုရောက်လာပါတော့တယ်။ ရွာကမွေးထားတဲ့ ကြက်တွေငှက်တွေကို ဖမ်းစားတဲ့အတွက် သခင်ကန့်က ဦးစီးဦးဆောင်ပြုပြီး ယောက်ျားသား ၂ဦးကို ထိပ်တုံးခတ်အပြစ်ပေးလိုက်တယ်။ အမျိုးသမီးကိုတော့ ကတုံးတုံးပြီး လွှတ်ပေးလိုက်တော့တယ်။ သူ့စပါးကျီကိုလည်း ဒီလူတွေပဲ မီးရှို့တာဖြစ်ရမယ်လို့ စွပ်စွဲပြီး တစ်ရွာလုံးက သူတို့အပေါ်မောက်မာရိုင်းစိုင်းကြတော့တယ်။ ဒါကို ဇာတ်လိုက်က မတရားမှန်းသိပေမယ့် အမှန်ကိုထုတ်ပြောခြင်းလည်း မရှိခဲ့ဘူး။ ဒါက သူတို့ရွာလေးပျက်သုဉ်းခြင်းရဲ့ အစ ဖြစ်လာပါတော့တယ်။ သည်းထိတ်ရင်ဖိုအမျိုးအစား မဟုတ်ဘဲ ဒရမ်မာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း