ဇာတ်ကားများ ရွေးရန်

Ghilli

2004ဇာတ်ကားWeb-dl 1080p

ဗီဂျေးရဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာတော့ ကာဗာဒီကစားရတာကို အရမ်းကြိုက်တဲ့ ဗယ်လုဆိုတဲ့ကောင်လေးအဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်။ အဖေဖြစ်သူက ရဲဆိုပေမဲ့ သူငယ်ချင်းတွေနဲ့အတူပြဿနာကို အမြဲရှာနေတဲ့ကောင်လေးပါ။ မာဒူရီမြို့မှာ ထင်တိုင်းကြဲနေတဲ့ ဝန်ကြီးရဲ့သား မူသူပန်ဒီက မင်းသမီး ဒါနာလက်ရှ်မီးကို လက်ထပ်ဖို့အကျပ်ကိုင်လာတော့ မင်းသမီးက အမေရိကကိုထွက်ပြေးဖို့လုပ်ရင်း ဗယ်လုနဲ့တွေ့ပြီး ကယ်ထားလိုက်တယ်။ ဗယ်လုက မင်းသမီးကိုသူ့အိမ်မှာ သူ့မိသားစုတွေတောင်မသိအောင်ဖွက်ထားရင်း တစ်ဖက်မှာ အဖေဖြစ်သူရဲက သူ့သားမှန်းမသိဘဲ ပြန်ပေးဆွဲသမားကိုလိုက်ရှာနေတယ်။ ဝန်ကြီးသားနဲ့သူ့လူတွေကလည်း သူတို့နှစယောက်ကို အသည်းအသန်လိုက်ရှာကြတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ မင်းသမီးကို အမေရိကပို့လိုက်နိုင်မှာလား။ ဟိုလူတွေလက်ထဲ ပြန်ပါသွားမှာလား။ မင်းသားနဲ့မင်းသမီးကရော ပေါင်းစည်းရမှာလားဆိုတာကို ဟာသပြကွက်တွေရော ထိတ်လန့်စရာတွေနဲ့ပါ ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဗယ်လုအဖြစ် မင်းသား Vijay၊ ဒါနာလက်ရှ်မီးအဖြစ် မင်းသမီး Trisha Krishnan နဲ့ မူသူပန်နီအဖြစ် မင်းသားကြီး Prakash Raj တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း