ဇာတ်ကားများ ရွေးရန်

After My Death

2017ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းအစမှာတော့ ယောင်းဟီး၊ ဂယောင်းမင်းနဲ့ ဟန်ဆိုးတို့ သူငယ်ချင်း၃ယောက် ရှိုးပွဲသွားကြည့်ခဲ့ရင်း နောက်တစ်ရက်ကျတော့ ဂယောင်းမင်းက ပြန်ရောက်မလာခဲ့ပါဘူး။ ဂယောင်းမင်းနဲ့နောက်ဆုံးရှိခဲ့တဲ့လူက ယောင်းဟီးဖြစ်နေတာမလို့ ကျောင်းကလူတွေရော အတန်းပိုင်ဆရာကပါ ဂယောင်းမင်းပျောက်ဆုံးမှုက ယောင်းဟီးနဲ့တစ်နည်းနည်း ပတ်သက်နေလိမ့်မယ်လို့ တွက်ဆကြပါတယ်။ ရဲတွေဘက်ကလည်း ဂယောင်းမင်းခုန်ချသွားတယ်လို့ထင်ရတဲ့ မြစ်ထဲမှာ လိုက်ရှာရင်း အချိန်တဖြည်းဖြည်းကုန်လာခဲ့တော့ လက်လျှော့ချင်လာခဲ့ပါတယ်။ ယောင်းဟီးကတော့ ဂယောင်းမင်းပျောက်ဆုံးမှုက သူနဲ့ဘာမှမဆိုင်ကြောင်း၊ ဂယောင်းမင်းထက်တောင် သူက အရင်သတ်သေချင်စိတ်ဖြစ်ခဲ့တာပါဆိုပြီး တတွတ်တွတ်ပြောဆိုနေခဲ့ပါတယ်။ သူ့စကားကို မယုံကြည်ကြတဲ့လူတွေရဲ့ဖိအားတွေကြောင့် ယောင်းဟီးတစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ? ဂယောင်းမင်းပျောက်ဆုံးမှုမှာ ဘယ်လိုအကြောင်းအရာတွေရှိနေလောက်မလဲ? တကယ်ပဲ ယောင်းဟီးနဲ့ မပတ်သက်တာဟုတ်ပါ့မလားဆိုတာ ဒွိဟတွေနဲ့ ကြည့်ရှုရမဲ့ ကားလေးပါ။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း