Taandob
ဒီတစ်ခေါက်မှာတော့ စိတ်လှုပ်ရှားစရာ Political - Action ကားတွေကိုကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ် " Taandob 2025 " ပါ Rating 7.9/10 ရှိတာမို့ rating မြင့် movie တစ်ခုပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ရုပ်မြင်သံကြားသတင်းချန်နယ်တစ်ခုကို အကြမ်းဖက်သမားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့တယ် ရုံးဝန်ထမ်းများစွာကို ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး သူလုပ်သမျှအရာတိုင်းကိုလဲ နိုင်ငံတစ်ဝှမ်းကို Live လွှင့်ပြသထားပါတယ် အဲဒီနောက်မှာတော့ ရဲချုပ်တွေ၊ ဝန်ကြီးတွေနဲ့ အတော်ဆုံးသတင်းထောက်ကို သူနဲ့လာဆွေးနွေးဖို့ ခြိမ်းခြောက်ခဲ့တယ် သူဘာကို လိုချင်တာလဲ ? သူ့မှာဘာအကြောင်းပြချက်တွေရှိနေလဲ? ဒါ့အပြင် အချိန်ကြာမြင့်စွာ လိုက်လံဖမ်းဆီနေခဲ့တဲ့ အလိုအရှိဆုံး အကြမ်းဖက်သမားမီခိုင်းလ်ကလည်း ဒီအမှုမှာ ပါဝင်ပတ်သက်နေပါသေးတယ်တဲ့ ဘယ်လိုမျိုးလဲ? လှည့်ကွက်တွေများစွာပါဝင်တာကြောင့် ဇာတ်လမ်းအဆုံးကို ကြိုမခန့်မှန်းနိုင်ဘဲ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ ညွှန်းပေးလိုက်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း