Smurfs
Smurf တို့ရဲ့ ရွာလေးဆီကို အဖွဲ့ဝင်အသစ်လေးတစ်ယောက်ဖြစ်တဲ့ နာမည်မရှိတဲ့ Smurf (No Name Smurf) ရောက်ရှိလာပါတယ်။ သူဟာ သူ့မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေချိန်မှာပဲ မထင်မှတ်ထားတဲ့ အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် နှစ်ပေါင်းများစွာ အစပျောက်နေတဲ့ ဗီလိန်ကြီး ရာဇမဲလ် (Razamel) က Smurf ရွာကို ရှာတွေ့သွားပါတော့တယ်။ ဗီလိန်ကြီး ဂါဂမဲလ် ရဲ့ ညီဖြစ်တဲ့ ရာဇာမဲလ်ဟာ စကြဝဠာတစ်ခုလုံးကို အမှောင်ဖုံးလွှမ်းပြီး အပိုင်စီးဖို့ ကြိုးစားနေသူဖြစ်ပြီး၊ သူဟာ Papa Smurf ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နာမည်မရှိ Smurf လေးဟာ Smurfette, Hefty, Brainy တို့လို သူငယ်ချင်းတွေနဲ့အတူ Papa Smurf ကို ကယ်တင်ဖို့အတွက် စွန့်စားခန်းခရီးရှည်ကြီးတစ်ခုကို စတင်ထွက်ခွာရပါတော့တယ်။ သူတို့ရဲ့ ခရီးလမ်းမှာ ပါရီမြို့ကြီးကနေ ကမ္ဘာအသီးသီးကို ဖြတ်သန်းရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ မိတ်ဆွေသစ်တွေ၊ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်ရမှာပါ။ ဒီအဖြစ်အပျက်အားလုံးရဲ့ အစဟာ သူ့ကြောင့်ဖြစ်တယ်လို့ ခံစားနေရတဲ့ နာမည်မရှိ Smurf တစ်ယောက် သူ့ကိုယ်သူ သံသယတွေဝင်လာတဲ့အခါမှာတော့ သူဟာ တကယ့်သူရဲကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလား? သူတို့ရဲ့ စွန့်စားခန်းတွေ ဘယ်လိုအဆုံးသတ်မလဲ? Smurf တို့တတွေ Papa Smurf ကို အောင်မြင်စွာ ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ edrikk ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း