Phoenix
ဇာတ်လမ်းအစမှာ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျွန်နဲ့ သူ့မိသားစုက ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားကြပါတယ်။ သူတို့ရွေးချယ်လိုက်တာက ပင်လယ်ကမ်းစပ်က ရှုခင်းလှလှလေးနဲ့ အိမ်တစ်လုံးပေါ့။ အစပိုင်းမှာတော့ အရာအားလုံးက သူတို့စိတ်ကူးထားသလိုပါပဲ။ သာယာတယ်၊ အေးချမ်းတယ်၊ ပြီးတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ ဒါပေမဲ့ အဲဒီအေးချမ်းမှုက ကြာရှည်မခံခဲ့ပါဘူး။ တစ်နေ့မှာတော့ ဘယ်ကမှန်းမသိတဲ့ဖရက်ဒီဆိုသူဆီကို လိပ်စာမပြည့်စုံတဲ့ စာတစ်စောင် ဂျွန်လက်ထဲကို ရောက်လာတယ်။ အစပိုင်းမှာတော့ သာမန်စာတစ်စောင်လို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီစာတွေက အဆက်မပြတ် ရောက်လာပါတော့တယ်။ စာတွေထဲမှာ ဘာတွေပါလဲဆိုတာထက် အဲဒီစာတွေ ရောက်လာပြီးနောက်ပိုင်းမှာ သူတို့အိမ်မှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်ကြုံတွေ့လာရတာပါပဲ။ ဂျွန်နဲ့ သူ့မိသားစုက သူတို့ရဲ့ စိတ်ငြိမ်းချမ်းရာ နေရာလေးက တဖြည်းဖြည်း သူတို့ကို ထောင်ချောက်ဆင်နေတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲလာတာကို ထိတ်လန့်တကြား သိမြင်လာရပါတယ်။ ဒီထူးဆန်းမှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဖရက်ဒီဆိုတာ ဘယ်သူလဲ။ သူ့ဆီပို့နေတဲ့ စာတွေက ဘာအဓိပ္ပာယ်လဲ။ အရေးကြီးဆုံးကတော့ သူတို့နေထိုင်နေတဲ့ အိမ်ကြီးမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ဘယ်လို ဝမ်းနည်းကြေကွဲစရာ အတိတ်ဇာတ်လမ်းတွေ ကိန်းအောင်းနေမလဲဆိုတာကို ဇာတ်ကားက တစ်စချင်း ဖော်ထုတ်ပြသသွားမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Clara Sol ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း