ဇာတ်ကားများ ရွေးရန်

Pabrik Gula

2025ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကား​လေးက​​​တော့ သကြားစက်ရုံကြီးမှာ အလုပ်သွားလုပ်ကြမယ့် ရာသီအလိုက်အလုပ်သမားတစ်ဖွဲ့ရဲ့ဖြစ်ရပ်ဆိုးကို ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကြံပင်​​တွေရိတ်သိမ်းချိန်​ရောက်တဲ့အချိန် စက်ရုံလုပ်သား​တွေ ​ခေါ်ယူ​လေ့ရှိပါတယ်။ ​​ဝေးလံ​ခေါင်သီတဲ့​နေရာမှာ အလုပ်လုပ်ရတယ်ဆို​ပေမဲ့ ​​​စရိတ်ငြိမ်းပြီး လုပ်ခလစာ​ကောင်းတဲ့အ​တွက် အန်ဒါတို့သူငယ်ချင်းအဖွဲ့လည်း အိမ်မက်ကိုယ်စီနဲ့ ထွက်လာခဲ့ကြပါတယ်။ ဒါ​ပေမဲ့ အဲဒီသကြားစက်ရုံကြီးမှာ ထူးဆန်းတဲ့ညမထွက်ရအမိန့်ချမှတ်ထားပြီး မီး​လောင်မှု​ကြောင့် လူ​သေဆုံးထားတယ်ဆိုတဲ့အ​ကြောင်း သိလိုက်ရတဲ့အပြင် လူသားမဟုတ်တဲ့ မူလ​နေထိုင်သူ​တွေပါ ရှိတယ်ဆိုတဲ့အ​ကြောင်း သိလိုက်ရတဲ့အခါ........အန်ဒါတို့ သူငယ်ချင်း​တွေကြုံ​တွေ့ရမယ့် ဖြစ်ရပ်ဆိုး​တွေကို ​ခြောက်ခြားစရာဇာတ်ကွက်များနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒို​ဟော်ရာဇာတ်ကား​​ကောင်း​လေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း