ဇာတ်ကားများ ရွေးရန်

Ludo

2015ဇာတ်ကားWeb-dl 1080p

ဒီကားလေးမှာတော့ ထင်မထားလောက်တဲ့ ကြောက်စရာအကောင်းဆုံး ရိုက်ကွင်းရိုက်ကွက်တွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်ကားအစမှာ ပေတေလေလွင့်နေတဲ့ လူငယ်တစ်ခုအကြောင်းကနေအခြေတည်ထားပါတယ်။ လူငယ်တစ်သိုက်ဟာ အိမ်ကထွက်ပြေးလာကြပြီး တည်းစရာနေရာရှာကြရာကနေ ဟိုတယ်အဟောင်းကြီးတစ်ခုဆီ ရောက်သွားပါတယ်။ အစပိုင်းမှာ​တော့ လူငယ်သဘာဝ ပျော်ကြပါးကြနဲ့ အပီအပြင် ကြည်နူးနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူတို့ အပျော်တွေဟာ ကြာရှည်မခံခဲ့ပါဘူး။ ဆံပင်တွေ ဖွေးဖွေးစွတ်ဖြူနေတဲ့ အဖိုးအဖွားနှစ်ယောက်ဟာ ဟိုတယ်အလယ်မှာ ဗြုန်းခနဲ ပေါ်လာပါတယ်။ အဲဒီနောက် ဂိမ်းတစ်ခုကို ကစားခိုင်းပြီး ဂိမ်းမှာ ရွေးချယ်မှုမှားတာနဲ့ အကုန် သတ်ဖြတ်ပစ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့လူငယ်တစ်သိုက် လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ..... ကျောင်း​တော်က ရန်စတွေ.. ချောက်တွန်းတာတွေပါ ပါလာတဲ့အခါ..... ဂိမ်းပွဲကနေ လူသတ်ပွဲ ဖြစ်ပြီး သွေးသံရဲရဲ ကြောက်စရာကောင်းလှတဲ့ ကျောချမ်းစရာဇာတ်ကားမို့ သည်ထိတ်ရင်ဖို ကြိုက်နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း