ဇာတ်ကားများ ရွေးရန်

Come Back Home

2022ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဒီတစ်ခေါက်မှာတော့ မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေနဲ့အတူ ရယ်မောကြရမဲ့ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးသွားပါမယ်။ အီဂီဆဲရဲ့အဖေဖြစ်သူက လူဆိုးဂိုဏ်းဝင်ဖြစ်ပြီး ဖြစ်ရပ်တစ်ခုကြောင့် အီဂီဆဲက ငယ်ငယ်ကတည်းက အဖေဖြစ်သူကို မုန်းလာခဲ့ပါတယ်။ ဂီဆဲရဲ့အဖေဖြစ်သူကလည်း ထောင်ကျသွားတာမလို့ ငယ်ငယ်ကတည်းက ဟာသသရုပ်ဆောင်အလုပ်ကိုဝါသနာပါလို့ မြို့ကိုတက်သွားခဲ့ပေမဲ့ ၁၆နှစ်ကြာတဲ့တိုင်အောင် တီဗီမှာပါမလာခဲ့ပါဘူး။ ဒီလိုနဲ့နေလာရင်း သူသရုပ်ဆောင်မဲ့အစီအစဉ်ကပါ ဖျက်သိမ်းခံလိုက်ရတဲ့အပြင် အဖေဖြစ်သူသေဆုံးကြောင်းကိုပါ မွေးရပ်မြေကဖုန်းဆက်လာခဲ့ပါတယ်။ ဘဝမှာ အခက်ခဲဆုံးအချိန်ဖြစ်နေခဲ့ပြီး မွေးရပ်မြေကို ပြန်ရောက်လာတဲ့ဂီဆဲကို ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲ? အဖေဖြစ်သူ အသတ်ခံရမှုမှာ ဘယ်သူတွေပါဝင်နေမလဲ? ဂီဆဲတစ်ယောက် မွေးရပ်မြေက သူငယ်ချင်းတွေ၊ အချစ်ဦးယောင်းရှင်းနဲ့အတူ ဘယ်လိုရယ်စရာဖြစ်ရပ်တွေ ကြုံရမလဲဆိုတာ ရသပေါင်းစုံနဲ့ကြည့်ရှုရမဲ့ကားလေးပါ။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း